Connect with us

Hi, what are you looking for?

News

မီတာခမဆောင်လျှင် လျှပ်စစ်မီးဖြတ်တောက်မည်ဟု သတင်းထွက်ချိန် ခရမ်းလျှပ်စစ်ရုံး ဗုံးကွဲ

ယခုရက်ပိုင်းအတွင်း ခရမ်းမြို့စီမံအုပ်ချုပ်ရေးကောင်စီ ၏ညွှန်ကြားချက်အရ မီတာခမဆောင်သည့်နေအိမ်များအား လျှပ်စစ်မီးဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေချိန် အထက်ပါအတိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီတာခမဆောင်လျှင် လျှပ်စစ်မီးဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေချိန် ခရမ်းမြို့လျှပ်စစ်မန်​နေဂျာရုံး ယနေ့(နိုဝင်ဘာ ၁၆)နံနက် ၁၀ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ခရမ်းမြို့နယ်လျှပ်စစ်ရုံးအတွင်း ယာယီနေထိုင်သည့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး၏ နေအိမ်လိုင်းခန်း အနည်းငယ်ထိခိုက်ကာ မျက်နှာကျက်အချို့ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ခရမ်းမြို့စီမံအုပ်ချုပ်ရေးကောင်စီ ၏ညွှန်ကြားချက်အရ မီတာခမဆောင်သည့်နေအိမ်များအား လျှပ်စစ်မီးဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေချိန် အထက်ပါအတိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ခရမ်းမြို့နယ်တွင်း မီတာခကောက်ခံမှုများလုပ်ဆောင်လျက်ရှိရာ လျှပ်စစ်မီးသွယ်တန်းထားသည့် ကျေးလက်ဒေသများ၌ နယ်ခံနေ့စားဝန်ထမ်းနှင့်အတူ မြို့နယ်လျှပ်စစ်ဝန်ထမ်းအချို့က မီတာခကောက်ခံခဲ့ရာ မီတာခမဆောင်သည့်နေအိမ် အများအပြားရှိနေသည်။

Public Service Announcement

Public Service Announcement

အချို့ကျေးရွာများတွင် ဇွန်လကုန်အထိနှင့် အချို့ကျေးရွာများ၌ ဇူလိုင်ကုန်အထိ မီတာခကောက်ခံပြီးဖြစ်သော်လည်း သြဂုတ်နှင့် စက်တင်ဘာလများအတွက် မီတာခကောက်ခံခြင်း မရှိသေးပေ။

ခရမ်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်စစ်တပ်မှအာဏာသိမ်းပြီးအစောပိုင်းကာလများအထိ လျှပ်စစ်မီးပုံမှန်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်လခန့်ကတည်းက နေ့စဉ်အချိန်ပိုင်းအနေဖြင့်သာ လျှပ်စစ်မီးရရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

(ခရမ်းမြို့နယ်ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြစဉ်က မြို့နယ် EPC ရုံးရှေ့ စစ်ကောင်စီတပ်များနေရာယူထားစဉ်၊ ဓာတ်ပုံ – Khayan Channal)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာလျှပ်စစ်ဓါတ်အားပြတ်တောက်​နေတာတစ်ပါတ်ကျော်ကြာလာလို့ အခက်အခဲဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။