Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ Patriot ဒုံးခွင်းဒုံးတွေ ပေးပို့မယ်လို့ ထရမ့်ပြော

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Getty Images

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ သူနဲ့ဆွေးနွေးတိုင်း စကားကို ချိုချိုသာသာ ပြေပြေပြစ်ပြစ် ပြောနေပေမယ့် ညနေပိုင်းရောက်တာနဲ့ ယူကရိန်းကို ဗုံးကြဲနေလေ့ ရှိတာကြောင့် အဲဒီရန်ကနေ ယူကရိန်းက တုံ့ပြန် ကာကွယ်ဖို့ လိုအပ်နေပြီလို့ ထရမ့်က ဆိုပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်စေမယ့် Patriot စနစ်ပေါင်း ဘယ်နှခုထိ ယူကရိန်းဆီ ပေးပို့မလဲ ဆိုတာကိုတော့ ထရမ့်က အတိအကျ ထုတ်မပြောပါဘူး။ ဒါပေမဲ့ လက်နက် စနစ်တွေအတွက် ကုန်ကျစရိတ်ကိုတော့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေဆီက ပြန်ယူဖို့ သဘောတူထားကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲရေးကို ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေပေမယ့် ပူတင်က ကြိုးရှည်ရှည်နဲ့ လှန်ထားသလို ဗျူဟာမျိုး အသုံးပြုနေတဲ့အပေါ် အတော်ကြီး စိတ်မရှည် ဖြစ်လာဟန် တူပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ နေ့စဉ်ရက်ဆက် ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဗုံးမိုးရွာနေတာကို တွန်းလှန်ဖို့ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ပိုမို ဖြည့်တင်းဖို့ လိုနေကြောင်း ပြောကြားထားပါတယ်။

ထရမ့်က အမေရိကန်ဟာ ယူကရိန်းဆီ Patriotတွေကို ပေးပို့မှာဖြစ်ကြောင်း၊ ယူကရိန်းကလည်း အဲဒီလက်နက် စနစ်တွေကို တကယ်ပဲ လိုအပ်နေကြောင်း၊ ပူတင်ကြောင်း လူတိုင်း အံ့ဩနေကြပြီး ဒီပုဂ္ဂိုလ်ဟာ ဆွေးနွေးနေတဲ့အချိန် စကားကို ချိုချိုလေး ပြောပေမယ့် ညနေကျရင် လူတိုင်းကို ဗုံးပတ်ကြဲနေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ရင် ပြဿနာနည်းနည်း ရှိတယ်လို့ ခံစားမိပြီး သူကတော့ လုံးဝ သဘောမကျကြောင်း ထရမ့်က ဝါရှင်တန်ဒီစီ မြို့တော် အပြင်ဖက်က အန်ဒရူးစ် လေတပ်စခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထရမ့်က အမေရိကန်ဟာ ယူကရိန်းဆီ အဆင့်မြင့် စစ်သုံးပစ္စည်း အမျိုးမျိုးကိုလည်း ပေးပို့သွားမှာဖြစ်ကြောင်း၊ အဲဒီအတွက် ကုန်ကျစရိတ် အပြည့်ကိုလည်း ပြန်တောင်းခံမှာဖြစ်ကြောင်း၊ ဒါက အမေရိကန် ဖြစ်စေချင်တဲ့ ပုံစံမျိုးလို့ ဆိုနိုင်ကြောင်းလည်း ဆက်ပြောပါတယ်။

ထရမ့်ဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခုသီတင်းပတ်ထဲမှာ NATO စစ်မဟာမိတ် အကြီးအကဲ မတ်ခ်ရူတေးနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook