Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်းမှာ KNU နဲ့ စစ်ကောင်စီတပ် ခြောက်လအတွင်းတိုက်ပွဲ ၃၀၀ ဖြစ်ပွား

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

ဇူလိုင် – ၁၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ ( ၃) စစ်ရေးလှုပ်ရှားပြီး အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ တိုက်ပွဲကြီး ၊ငယ် ၃၀၀ ဖြစ်ပွားတာလို့ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၂၄၂ ဦး သေဆုံးပြီး ၁၈၉ ဦး ထိခိုက်ဒဏ်ရာရကာ ၇ ဦးလက်နက်ချသလို ၂၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ KNU က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ခဲယမ်းအနေနဲ့ဆိုရင်လည်း လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်း ဆည်း ရမိတယ်လို့ ဖော်ပြပါတယ်။

People’s Spring အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ ထိခိုက် ၊ကျဆုံးမှု အခြေအနေကိုသီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေမှာအသေအပျောက်ကို ထုတ်ပြန်တာမရှိပါဘူး။

အခုနှစ် ခြောက်လတာကာလအတွင်း ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေမှာ KNU ဘက်ကလည်း ၄၄ ဦး ကျဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲက ရွှေကျင် ၊ ကျောက်ကြီး ၊ ကျောက်တံခါးမြို့တွေမှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း တိုက်ပွဲတွေ ဖြစ်ထားခဲ့ပါတယ်။

ဒါအပြင် ရန်ကုန် – မန္တလေး လမ်းဟောင်းဖြတ်သန်းသွားတဲ့ ပဲခူးတိုင်းထဲက ဖြူး ၊ ရေတာရှည် ၊ ပဲနွယ်ကုန်း ၊ ကျောက်တံခါးမြို့တွေက စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေကိုလည်း KNU နဲ့ PDF တွေက စီးနင်းတိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။