Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ မြေမြှုပ်မိုင်း နင်းမိတဲ့ ထိုင်းစစ်သားတွေကို ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့တဲ့ ထိုင်းစစ်သားတွေကို ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Khaosod English

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့တဲ့ ထိုင်းစစ်သားတွေကို ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံ ကိစ္စကို အကြောင်းပြုပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေပါ။ ဇူလိုင် ၁၈ ရက်နေ့မှာတော့ ဖေထောင်ထန်ဟာ ချောင်ဘော့ခ်မှာရှိတဲ့ ဆပ်ပါဆစ် ပရာဆောင် ဆေးရုံကို သွားရောက်ပြီး ဒဏ်ရာရ စစ်သား ၃ ယောက်နဲ့ သူတို့ရဲ့ မိသားစုတွေကို အားပေး တွေ့ဆုံခဲ့ပါတယ်။

ဖေထောင်ထန်ဟာ စစ်သားတွေနဲ့ရော၊ မိသားစုဝင်တွေနဲ့ပါ အကြာကြီး အချိန်ပေးပြီး အားပေး နှစ်သိမ့်ခဲ့သလို ထိုင်းအစိုးရဟာ စစ်သည်တွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ခိုင်မြဲရေးကို အမြဲ အလေးထားနေမှာ ဖြစ်တယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဖေထောင်ထန်ရဲ့ ခရီးစဉ်မှာ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နတ်တာပိုလ် နက်ခ်ပါနစ်ချ်နဲ့ တခြား အရာရှိတွေလည်း လိုက်ပါခဲ့ကြပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ထိုင်းရဲ့ ရတ်ချာဌာနီ ပြည်နယ်၊ နမ်ယွန်းခရိုင်က ချောင်ဘော့ခ်နားမှာ မြေမြှုပ်မိုင်း နင်းမိလို့ ထိုင်းစစ်သားတွေ ဒဏ်ရာရခဲ့တာဖြစ်ပြီး တစ်ဦးကတော့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ ဆေးရုံမှာတော့ ဖေထောင်ထန်က ထိုင်းစစ်တပ်ဟာ လူနာတွေအတွက် အကောင်းဆုံး ကူညီ ဖြည့်တင်းပေးထားပြီး ဖြစ်တယ်ဆိုတာ သိပေမယ့် အစိုးရကလည်း တတ်နိုင်သမျှ လိုအပ်တာတွေကို ကူညီပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဖေထောင်ထန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး ဖုန်းပြောခဲ့ချိန်တုန်းက ထိုင်းစစ်တပ်ကို သိက္ခာကျစေမယ့် စကားမျိုးတွေ ထည့်ပြောမိခဲ့တာကို အကြောင်းပြုပြီး နိုင်ငံရေးအရ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ အဲဒီဖြစ်ရပ်ကို ထိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံ ခုံရုံးက ကြားဝင်စစ်ဆေးနေပြီး ဖေထောင်ထန်ကို ဝန်ကြီးချုပ် တာဝန်တွေကနေပါ ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါပေမဲ့ သူဟာ ပူးတွဲယူထားတဲ့ ယဉ်ကျေးမှု ဝန်ကြီး အနေနဲ့ အစိုးရ အဖွဲ့ထဲမှာ ဆက်ပြီး ရှိနေတာလည်း ဖြစ်ပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။