Connect with us

Hi, what are you looking for?

LuduNwayOo

News

NUGရဲ့ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်တွေကို လာမယ့် နိုဝင်ဘာ ၂၂ ရက် စရောင်းမယ်

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ့ ၅၀၀၀ တန်အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်တွေကို လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ဝေရောင်းချသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့(နိုဝင်ဘာ ၁၆ရက်)ကြေညာပါတယ်။

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ့ ၅၀၀၀ တန်အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငွေတိုက်စာချုပ်တွေရဲ့ သက်တမ်းဟာ ၂ နှစ်ဖြစ်ပြီး သက်တမ်းစေ့ချိန် မတိုင်မီ တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့် မရှိဘူးလို့ NUG ကထုတ်ပြန်ပါတယ်။

သက်တမ်းစေ့ပြီးနောက်မှာ တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူလိုပါက သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ ခိုင်မာပြတ်သားတဲ့ သန္နိဌာန်နဲ့ ရဲဝံ့ယုံကြည်စွာရင်းနှီးမြှုပ်နှံမှုအတွက် သမိုင်းမှတ်တမ်းတင်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။