Connect with us

Hi, what are you looking for?

News

NUGရဲ့ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်တွေကို လာမယ့် နိုဝင်ဘာ ၂၂ ရက် စရောင်းမယ်

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ့ ၅၀၀၀ တန်အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်တွေကို လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ စတင်ထုတ်ဝေရောင်းချသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့(နိုဝင်ဘာ ၁၆ရက်)ကြေညာပါတယ်။

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀ နဲ့ ၅၀၀၀ တန်အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငွေတိုက်စာချုပ်တွေရဲ့ သက်တမ်းဟာ ၂ နှစ်ဖြစ်ပြီး သက်တမ်းစေ့ချိန် မတိုင်မီ တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့် မရှိဘူးလို့ NUG ကထုတ်ပြန်ပါတယ်။

သက်တမ်းစေ့ပြီးနောက်မှာ တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူလိုပါက သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ ခိုင်မာပြတ်သားတဲ့ သန္နိဌာန်နဲ့ ရဲဝံ့ယုံကြည်စွာရင်းနှီးမြှုပ်နှံမှုအတွက် သမိုင်းမှတ်တမ်းတင်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook