Connect with us

Hi, what are you looking for?

News

ဧရာဝတီတိုင်းတွင် Non CDM ဝန်ထမ်းများအိမ်နှင့်​ရုံးတွင်ညမအိပ်ရဲ​တော့ဘဲ ​နေရာ​ပြောင်းအိပ်​နေကြ

“ကျွန်တော့ အစ်မက Non CDMဝန်ထမ်း။အစကရုံးမှာနေတာ။ အခုသူကြောက်နေပြီး ဘယ်မှာ အိပ်တယ်ဆိုတာ မေးမရဘူး”ဟု ဧရာဝတီတိုင်း ပြန်ဆက်ဌာနမှရုံးမှ အရာရှိတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီအားခုခံ တိုက်ခိုက်မှုအရှိန်မြင့်တက်လာပြီးနောက် စစ်ကောင်စီဒေါက်တိုင် Non CDMဝန်ထမ်းများသည် နေအိမ်နှင့်ရုံးများတွင် ညမအိပ်ရဲတော့ဘဲ နေရာပြောင်းရွှေ့အိပ်နေကြ​ကြောင်းသိ့ရသည်။

“ကျွန်တော့ အစ်မက Non CDMဝန်ထမ်း။အစကရုံးမှာနေတာ။ အခုသူကြောက်နေပြီး ဘယ်မှာ အိပ်တယ်ဆိုတာ မေးမရဘူး”ဟု ဧရာဝတီတိုင်း ပြန်ဆက်ဌာနမှရုံးမှ အရာရှိတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းသည် စစ်ကိုင်းနှင့်မကွေးတိုင်းကဲ့သို့ စစ်ကောင်စီအား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲမဖြစ်သေးသော်လည်း ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့များက စစ်ကောင်စီဒေါက်တိုင်များကို လိုက်လံတိုက်လိုက်မှု အရှိန် ရလာ​​နေသည်။

ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီတပ်ကားအား ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့မှု၊ ပုသိမ်တွင် စစ်ကောင်စီ၏ ယာဉ်ထိန်းရဲနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို
မကြာသေးမီးကလုပ်‌‌ဆောင်ခဲ့သည်။ ယမန်နေ့(နိုဝင်ဘာ ၁၅ရက်)က ဆိုလျင်စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်လိုက်ပါလာသော စစ်​ကောင်စီတပ်သားများစွာပါဝင်သည့် ယာဉ်တန်းကို ချောင်းသာ-ပုသိမ်လမ်းတွင် ​တော်လှန်​ရေး​လေးဖွဲ့ကပူး​ပေါင်းတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၀ ဦး​သေဆုံးခဲ့သည်။ ထိုအပြင် ယ​နေ့(နိုဝင်ဘာ ၁၆တွင် )ည​နေတွင် ပုသိမ်မြို့ကမ်းနားလမ်းရှိ ​ရေ​ကြောင်းရဲတပ်ဖွဲ့စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က
ဝင်ပစ်ရာရဲ ​လေးဦးဒဏ်ရာရရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ဒေါက်တိုင် Non CDM ဝန်ထမ်းများအားစစ်​ကောင်စီကို အလုပ်အ​​ကျွေးမပြူဘဲ ပြည်သူနှင့် ပူး​ပေါင်းရန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကတိုက်တွန်းထားသည်။

“ကျမတို့ စိုးရိမ်ပေမယ့် အခြေအနေအရ ထွက်မရဘူး။ ဘာလုပ်ရမယ်မှန်းလည်း မသိဘူး။ ထွက်ရင်လည်း စကစက ပြဿနာရှာမှာ။ အိမ်မှာလည်း ကျမမရှိရင်မရဘူး”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အဆင့် အရာရှိတစ်ဦးကပြောသည်။

မကြာသေးမီက မြောင်းမြမြို့မှ ပြန်ဆက်ဌာန အမျိုးသမီးအရာရှိတစ်ဦးသည် စစ်ကောင်စီအလိုကျ အင်တာဗျုးကို ဖြေကြားပြီး သတင်းအဖြစ်ထုတ်လွှင့်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ သတိပေးခြင်းခံခဲ့ရသည်။ ယင်းအမျိုးသမီးကို ဧရာဝတီတိုင်းဒေသကြီး ပြန်ဆက်ဦးစီးမှုး ဦးလှမျိုးအောင်အစီအစဉ်ဖြင့် တိုင်းရုံးသို့ ပြန်ခေါ်ယူထားခဲ့ရသည်။ ဦးလှမျိုးအောင်ကိုယ်တိုင်ကလည်း စစ်ကောင်စီဒေါက်တိုင်အဖြစ် နာမည်ကြီးနေသည်။

Non-CDM ဝန်ထမ်းအချို့ကစိုးရိမ်​နေ​သော်လည်းအမျိုးသားညီညွတ်​ရေးအစိုးရက အရပ်သားများကို Non-CDM ဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မူဝါဒမရှိဘဲ ၊PDFများကို​ရော ၊၎င်းတို့လက်​အောက်ရှိ ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့(LDF)များကို​​ပါ ကျင့်ဝတ်များစနစ်တကျလိုက်နာရန် တိုက်တွန်းထားသည်။

(ပုသိမ်မြို့လယ်တစ်​နေရာကို ပြည်သူ့အစိုးရလက်ထက်က​တွေ့ရစဥ် )

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။