Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ

ကချင်ပြည်နယ်၊ ဖားကန့်၌ ယနေ့ ည‌ပိုင်းတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားကြောင်း သိရသည်။။

ဖားကန့်သို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို တွေ့ရစဥ်။

ဇူလိုင်-၂၁၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်၌ ယနေ့ ည‌ပိုင်းတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားကြောင်း သိရသည်။။

တိုက်ပွဲပြင်းထန်နေသည့် အမှိုက်ပုံကျေးရွာအနီးကို ညနေ ၄နာရီ ၅၀မိနစ်တွင် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“လေယာဉ်ကလည်းလာတယ်။ အောက်ဘက်ကလည်း ပြန်ပစ်တာ။ မြေပြင်မှာတော့ ရဲဘော်တွေ အထိအခိုက်မှမရှိဘူး။ အတည်ပြုနိုင်တယ်”ဟု KPDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်ကို စစ်ကောင်စီက နှစ်ရက်ဆက်ဗုံးကြဲခြင်းဖြစ်သည်။ ယမန်နေ့(ဇူလိုင်၂၀ရက်)ညနေကလည်း ဗလခမှော်နေရာကို စစ်ကောင်စီကဗုံးကြဲခဲ့သည်။ ဖားကန့်ဒေသ ဆွပ်ဘွမ်၊ ပလခမှော်၊ မှော်မောင်လျှံနှင့် အမှိုက်ပုံကျေးရွာတို့၌ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက ဇူလိုင် ၁၃ရက်၊ ၁၅ရက်၊ ၁၆ရက်နှင့် ၁၈ရက်တို့တွင်လည်း လေကြောင်းမှ ဗုံးကြဲခဲ့သလို လက်နက်ကြီးများဖြင့်လည်းပစ်ခတ်ခဲ့သည်။

လေကြောင်းအန္တရာယ်အပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအနီး မိုင်းများထောင်ထားခဲ့၍ မိုင်းအန္တရာယ်သတိပြုကြရန်လည်း KIA၊KPDF က သတိပေးထားသည်။

ဖားကန့်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ထပ်မံသတိပေးသည်။

ဖားကန့်တွင် စစ်ရေးတာဝန်ပေးထားသည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ပြီးခဲ့သည့်မေလကုန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ကလော အခြေစိုက်စစ်ဦးစီးတက္ကသိုလ် (ဥစတ) မှ ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို အစားထိုး ခန့်အပ်ခဲ့သည်။ မေလကုန်၊ ဇွန်လဆန်းတွင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းအတွက် စစ်ရေးအရ အရေးပါသည့် လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းပြင်ထန်ထန်ဖြစ်ပွားနေသည်။

လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို သွားသည့်လမ်းမှ မှော်မောင်လျှံ၊ မှော်ဝမ်းလေး၊ အမှိုက်ပုံကျေးရွာတို့၌ KIA၊KPDF က ကြားဖြတ်တိုက်ခိုက်နေသည်။

မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီး တိုက်ပွဲသတင်းကို KIAကရော စစ်ကောင်စီကပါ မထုတ်ပြန်‌သေးပေ။ တိုက်ပွဲဖြစ်ပွားနေစဉ်ရော မဖြစ်သည့်အချိန်များ၌ပါ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားသေဆုံးသူဦးရေ ၃၀ဦးခန့်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။