Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ တော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်-၂၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ တော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ဝမ်းနည်း ကြေကွဲစွာ အလေးပြုရင်း “အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “စစ်အာဏာရှင်စနစ် အလိုမရှိ အလိုမရှိ” ၊ “အရေးတော်ပုံမုချအောင်ရမည်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒေသခံပြည်သူတွေနဲ့ ပြည်သူ့အားမာန်သပိတ် ရဲဘော်တွေက စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။