Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

သံအမတ်ကြီးကို ထိုင်းပြန်ခေါ်၊ ကမ္ဘောဒီးယား သံအမတ်ကို နှင်ထုတ်

နှစ်နိုင်ငံ နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပြီး ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ကမ္ဘောဒီးယား သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားသော ထိုင်းစစ်သားကို ရဟတ်ယာဉ်ပေါ် တင်နေစဉ်။ AP

နှစ်နိုင်ငံ နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပြီး ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ကမ္ဘောဒီးယား သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

ထိုင်းအစိုးရက နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘောဒီးယားနဲ့ ထိစပ်ရာ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ကြောင်း ဇူလိုင် ၂၃ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ပြီးတော့ နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရခဲ့တဲ့ ကိစ္စကို ဆန္ဒပြတဲ့ အနေနဲ့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်ခေါ်လိုက်ပြီး ကမ္ဘောဒီးယား သံအမတ်ကိုလည်း နှင်ထုတ်လိုက်တယ်လို့ ထိုင်းက ပြောပါတယ်။

ကမ္ဘောဒီးယားကလည်း တူညီတဲ့ တုံ့ပြန်မှုအဖြစ် ထိုင်းနဲ့ ဆက်ဆံရေးကို အနိမ့်ဆုံး အဆင့်ထိ လျှော့ချမယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးတော့ ဘန်ကောက်မှာ ရှိသမျှ သံရုံးအမှုထမ်း အားလုံးကိုလည်း ကမ္ဘောဒီးယားက ပြန်ခေါ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မေလတုန်းက နှစ်နိုင်ငံ နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ အသေးစား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စနောက်ပိုင်း အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက တောက်လျှောက် အနုတ်ဖက်ကို ဦးတည် ကျဆင်းလာနေခဲ့တာပါ။ နယ်စပ်က ရှေးဘုရားကျောင်းတွေရှိရာ နေရာတွေ အပါအဝင် အငြင်းပွားရာ နယ်မြေ တချို့ကို နှစ်နိုင်ငံကြား သူပိုင်တယ်၊ ငါပိုင်တယ် ငြင်းခုံနေမှုတွေလည်း လက်ရှိ အချိန်ထိ အဆုံးမသတ်သေးပါဘူး။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံစလုံးရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေကလည်း အခြေအနေတွေ ပိုဆိုးအောင် သွေးထိုး မြှောက်ပင့်ပေးနေပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထရာဟာလည်း နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းဆက် ဆွေးနွေးချိန်မှာ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ သဘောမျိုး စကားကျွံမိတာကြောင့် ပြည်တွင်းမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို အဲဒီကိစ္စကို အခြေခံ ဥပဒေ ခုံရုံးက စစ်ဆေးနေတဲ့ အတောအတွင်း ရာထူးကနေ ယာယီ ဆိုင်းငံ့ ခံထားရပါတယ်။

လောလောလတ်လတ်အဖြစ် ဇူလိုင် ၂၃ ရက်နေ့က ထိုင်းပိုင်နက်ဖြစ်တဲ့ ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ထဲမှာ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ထိုင်းစစ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားကတော့ အဲဒီ ပေါက်ကွဲမှုဟာ ကမ္ဘောဒီးယား ပိုင်နက် ပရာဗီဟီရာ ပြည်နယ်မှာ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ နောက်ထပ် နယ်စပ်တစ်နေရာမှာ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ထိုင်းစစ်သား ၃ ယောက် ဒဏ်ရာရပြီး အဲဒီထဲက တစ်ဦးကတော့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက အဲဒီမိုင်းဟာ နှစ်နိုင်ငံ သဘောတူညီမှုအရ လုံလုံခြုံခြုံ ဖြတ်သန်း သွားလာနိုင်တယ်လို့ သတ်မှတ်ထားရာ လမ်းကြောင်းပေါ်မှာ လောလောလတ်လတ် ထောင်ထားခဲ့တာလို့ စွပ်စွဲပါတယ်။ ပြီးတော့ မိုင်းဟာ ရုရှားမှာ ထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပြီး ထိုင်းစစ်တပ် လက်နက်တိုက်ထဲမှာ အဲဒါမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာတော့ ကမ္ဘောဒီးယားဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်လာတဲ့ အဲဒီကိစ္စကို အပြည့်အဝ တာဝန်ယူရမယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားဟာ မြေမြှုပ်မိုင်းတွေ အသုံးပြုမှုကို တားမြစ်တဲ့ အော့တာဝါ စာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့လည်း ထိုင်းက စွပ်စွဲပါတယ်။

ကမ္ဘာဒီးယားကတော့ မြေမြှုပ်မိုင်းတွေဟာ ထိုင်းနိုင်ငံဖက်မှာ ရှိနေတာ မဟုတ်ဘဲ ထိုင်းစစ်သားတွေကသာ ကမ္ဘောဒီးယား ပိုင်နက်ဖက် ကျူးကျော် ဝင်ရောက်ပြီး နယ်စပ် သတ်မှတ်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ထိုင်းနဲ့ နယ်စပ်နားမှာ မြေမြှုပ်မိုင်းတွေ ရည်ရွယ်ချက်ရှိရှိ ထောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ကမ္ဘောဒီးယားက ငြင်းဆိုထားပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကမ္ဘောဒီးယားကို တရားဝင် ကန့်ကွက်စာ ပေးပို့သွားမယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် ဘာလိုအဆင့်တွေ ဆက်လုပ်ရမလဲ ဆိုတာကို စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဘန်ကောက်မှာရှိတဲ့ ကမ္ဘောဒီးယား သံဝန်ထမ်း အားလုံးကို ပြန်ခေါ်မယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြီး ပြည်တွင်းက ထိုင်းသံဝန်ထမ်း အားလုံးကိုလည်း ထွက်ခွာသွားဖို့ သတိပေးလိုက်ပါတယ်။

ကမ္ဘောဒီးယားဟာ ပြည်တွင်းမှာ ထိုင်းရုပ်ရှင်တွေနဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ ပြသခွင့်ကိုလည်း ပိတ်ပင်ခဲ့ပြီး ထိုင်းကနေ တင်သွင်းတဲ့ သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း တားဆီးထားပါတယ်။ နောက်ပြီး ထိုင်းကနေ သွယ်တန်းယူထားတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ၊ ဓာတ်အားသွယ်တန်းမှုတွေကို ရပ်တန့်ခဲ့ပြီး ထိုင်းဆီကနေ စက်သုံးဆီ တင်သွင်းမှုတွေကိုပါ ရပ်နားထားကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။