Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် ထိုင်း F-16 တိုက်လေယာဉ်တွေက ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်ခိုက်

ကမ္ဘောဒီးယားနဲ့ စစ်ရေးတင်းမာနေမှုမှာ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေကပါ ပါဝင် တိုက်ပွဲဝင်နေတယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

Khaosod English

ကမ္ဘောဒီးယားနဲ့ စစ်ရေးတင်းမာနေမှုမှာ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေကပါ ပါဝင် တိုက်ပွဲဝင်နေတယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေ တိုက်ခိုက်မှု စတင်ခဲ့တဲ့နောက် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံဖက်ကို ဒုံးကျည် နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာတော့ ထိုင်းရဲ့ ဆစ်စကက် ပြည်နယ်ထဲက ဘန်ဖျူးမှာ ဆီဆိုင်တစ်ခု ဒုံးကျည် ထိမှန်ပြီး မီးလောင်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ထိုင်းက နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယားက စစ်ရေး ပစ်မှတ်တွေကို တုံ့ပြန်ဖို့ F-16 တိုက်လေယာဉ် ၆ စီးကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သိပ်မကြာခင်မှာပဲ ထိုင်းစစ်တပ်က အဲဒီ F-16တွေဟာ ပစ်မှတ်တွေကို စတင် တိုက်ပွဲဝင် တိုက်ခိုက်နေတယ်လို့ ထိုင်းစစ်တပ်က Facebookမှာ ရေးသားထားခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း ကမ္ဘောဒီးယားရဲ့ အမှတ် ၈ နဲ့ အမှတ် ၉ စစ်နယ်မြေ တပ်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဇူလိုင် ၂၄ ရက်နေ့ ပဋိပက္ခတွေအတွင်း ထိုင်းဖက်မှာ အနည်းဆုံး အရပ်သား ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရထားပေမယ့် ကမ္ဘောဒီးယားဖက်က အသေအပျောက်ကို မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ဟာ စစ်ရေး အခြေအနေ တင်းမာနေတဲ့ ဧရိယာတွေမှာ ကျောင်းတွေ၊ ရုံးတွေကို ပိတ်ခိုင်းပြီး အရပ်သားတွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေတယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။