Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခ မဖြစ်အောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းချုပ်ခဲ့တယ်လို့ သက်ဆင်ဆို

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

AP

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ထိုင်းဟာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး အိမ်နီးချင်းကောင်း ဝတ္တရား ကျေအောင် အတည်နိုင်ဆုံး၊ စိတ်ရှည်ခဲ့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ (ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း) ဟွန်ဆန်းက ကမ္ဘောဒီးယား စစ်တပ်တွေကို ထိုင်းပိုင်နက်ထဲ ကျူးကျော်ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် နှစ်နိုင်ငံ စစ်ရေးပဋိပက္ခ စတင်ခဲ့တယ်လို့ သက်ဆင်က လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။

နောက်ပြီး ကမ္ဘောဒီးယား တပ်တွေဟာ နယ်စပ်တလျှောက်မှာလည်း မြေမြှုပ်မိုင်းတွေကို ကြိုတင် ထောင်ထားခဲ့ပြီး အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တဲ့အပြင် အိမ်နီးချင်းကောင်းတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကိုပါ ချိုးဖောက်ရာ ရောက်နေတယ်လို့ သက်ဆင်က ဆိုပါတယ်။

သက်ဆင်ဟာ လောလောဆယ် ရာထူးက ဆိုင်းငံ့ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထရာရဲ့ ဖခင်ဖြစ်ပြီး ဟွန်ဆန်းကတော့ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ ဖခင်ပါ။ မိသားစု နှစ်ခုကြားမှာ အရင်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် ဖေထောင်ထန်နဲ့ ဟွန်ဆန်းတို့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားပြီး ဖေထောင်ထန်က ရာထူးက ဆိုင်းငံ့ခံရတဲ့ အခြေအနေတွေထိ ဖြစ်ခဲ့တဲ့နောက် အခုတော့ နှစ်ဖက်ကြားမှာ အကြီးအကျယ် ခါးသီးနေပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်က ထိုင်းစစ်သားတွေ အနေနဲ့ မဟာဗျူဟာ အစီအမံတွေအတိုင်း လိုအပ်သလို တုံ့ပြန်ပိုင်ခွင့် ရှိသလို ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မှန်ကန် တိကျတဲ့ မူဝါဒတွေကို ချမှတ်နိုင်တယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။

အစောပိုင်းမှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖေထောင်ထန်ကလည်း ဟွန်ဆန်းဟာ အခုပဋိပက္ခကို အစပျိုးခဲ့ပြီးမှ နစ်နာသူအဖြစ် ဟန်ဆောင်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြီး ခနဲ့ လှောင်ပြောင်ခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။