Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်ရေးပဋိပက္ခမှာ ထိုင်းအရပ်သား သေဆုံးမှု ၉ ဦးထိ မြင့်တက်လာ

ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကြောင့် အရပ်သား အသေအပျောက် ၉ ဦးထိ မြင့်တက်လာကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကြောင့် အရပ်သား အသေအပျောက် ၉ ဦးထိ မြင့်တက်လာကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက စတင်ခဲ့တဲ့ နှစ်ဖက် တိုက်ခိုက်မှုတွေအတွင်း ဆစ်ဆကက် ပြည်နယ်မှာရှိတဲ့ ဘန်ဖျူမှာ ဓာတ်ဆီဆိုင် တစ်ခုကို ကမ္ဘောဒီးယား ဒုံးကျည် ထိမှန်ပြီး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်မှာတင် အရပ်သား ၆ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၈ နှစ်သားအရွယ် ကလေးအပါအဝင် နောက်ထပ် ၂ ဦးကတော့ ဆူရင်မှာရှိတဲ့ ဘန်ချိုရော့ခ် ဧရိယာမှာ ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုဒဏ်ကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ နောက်ထပ် သေဆုံးမှုကတော့ ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ထဲက ဘန်ကွတ်ချိုင်မွန်မှာ ဖြစ်ခဲ့တာပါ။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ နှစ်နိုင်ငံ တပ်တွေဟာ နယ်စပ်တလျှောက် နေရာပေါင်း ၆ ခုလောက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်ပွဲဇုန် အနီးတဝိုက်က ဒေသခံတွေကတော့ ဘေးလွတ်ရာ နေရာတွေဆီ အပူတပြင်း ရွှေ့ပြောင်း ထွက်ပြေးနေရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစောပိုင်း ကြေညာချက်မှာတော့ ကမ္ဘောဒီးယား တပ်တွေဟာ နယ်စပ်နားက ထိုင်းစစ်စခန်းတွေကိုသာ မကဘဲ ဆေးရုံတစ်ခု အပါအဝင် အရပ်သား ပစ်မှတ်တွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် အရပ်သား ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေထိ ကမ္ဘောဒီးယားဖက်က အသေအပျောက် စာရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။