Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ လေယာဉ်ပျက်ကျ၊ လိုက်ပါသွားသူ ၄၈ ဦးစလုံး သေဆုံး

စုစုပေါင်း လူ ၄၈ ဦး လိုက်ပါသွားတဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ရုရှားမှာ ပျက်ကျခဲ့ပြီး အသက်ရှင်သူ မရှိဘူးလို့ သိရပါတယ်။

Russian transport prosecutor

စုစုပေါင်း လူ ၄၈ ဦး လိုက်ပါသွားတဲ့ ခရီးသည်တင် လေယာဉ်တစ်စီး ရုရှားမှာ ပျက်ကျခဲ့ပြီး အသက်ရှင်သူ မရှိဘူးလို့ သိရပါတယ်။

Angara လေကြောင်းပိုင် Antonov An-24 အမျိုးအစား လေယာဉ်ဟာ ဇူလိုင် ၂၄ ရက်နေ့က ခရီးသည် ၄၂ ဦး၊ အမှုထမ်း ၆ ဦးနဲ့အတူ တရုတ် နယ်စပ်နားမှာရှိတဲ့ ဘလာဂိုဗက်ရှ်ချန့်စ်ခ်ကနေ ပျံတက်လာပြီး တင်န်ဒါမြို့ လေဆိပ်ဆီ ချဉ်းကပ်လာချိန်မှာ ရေဒါ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပျက်ကျနေတဲ့ လေယာဉ် အပျက်အစီးတွေကို ရုရှားနိုင်ငံ အရှေ့ပိုင်း၊ အေမွာမှာရှိတဲ့ တောနက်တစ်ခုထဲမှာ ရှာတွေ့ခဲ့ပါတယ်။ တင်ဒါမြို့ကနေ ၁၆ ကီလိုမီတာလောက်အကွာ တောင်စောင်း တစ်နေရာမှာ လေယာဉ်ပျက်ကို အရပ်ဖက်သုံး ရဟတ်ယာဉ် တစ်စီးက တွေ့ရှိခဲ့တာပါ။

အေမွာဒေသ အုပ်ချုပ်ရေးမှူး ဗက်ဆလီ အော်လော့ဗ်က လေယာဉ်ပျက်မှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အတည်ပြုခဲ့ပြီး အဲဒီဖြစ်ရပ်အတွက် ကြေကွဲဝမ်းနည်းမှု ကာလကို ၃ ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျတဲ့ နေရာက လမ်းမပေါက်ဘဲ ရွှံ့နွံတွေလည်း ထူတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ တောစပ်ကနေ အဲဒီနေရာထိ သွားနိုင်အောင် တစ်နာရီလောက် အချိန်ယူခဲ့ရပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ရာသီဥတု ဆိုးရွားနေချိန်မှာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် အမှားတစ်ခုခုကြောင့် ဖြစ်နိုင်သလို စက်ချွတ်ယွင်းမှု ကြုံတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ သက်တမ်း နှစ် ၅၀ လောက် ရှိနေပြီလို့လည်း သိရပါတယ်။ အရင်ကလည်း An-24 အမျိုးအစား လေယာဉ်တွေဟာ လူအသေအပျောက် ဖြစ်တဲ့ မတော်တဆမှုတွေ ကြုံခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက AN-24 တစ်စီးက နစ်ဇ်နီယန်ဂါ့စ်ခ် လေဆိပ်မှာ လမ်းကြောင်းချော်ထွက်မှုကြောင့် လေယာဉ် အမှုထမ်း ၂ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၁ တုန်းကတော့ Angara လေကြောင်းလိုင်းကပဲ ပိုင်ဆိုင်တဲ့ နောက်ထပ် An-24 တစ်စီးဟာ ဆိုက်ဘေးရီးယားမှာရှိတဲ့ အော့ဘ်မြစ်ထဲ ပျက်ကျပြီး ခရီးသည် ၇ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook