Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားချက်ချင်းအပစ်ရပ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပန်ကြား

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ ကြီးထွားမလာခင် ချက်ချင်းအပစ်ရပ်ကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဖုန်းနဲ့ဆက်သွယ်ပြောဆို ပန်ကြားခဲ့တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က သူရဲ့လူမှုကွန်ရက် X မှာ ရေးသားအသိပေးထားပါတယ်။

ဓာတ်ပုံ -Anwar Ibrahim /FB

ဇူလိုင် – ၂၅၊ ၂၀၂၅/People’s Spring

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ ကြီးထွားမလာခင် ချက်ချင်းအပစ်ရပ်ကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဖုန်းနဲ့ဆက်သွယ်ပြောဆို ပန်ကြားခဲ့တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က သူရဲ့လူမှုကွန်ရက် X မှာ ရေးသားအသိပေးထားပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံကြား တိုက်ပွဲ စဖြစ်တဲ့ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်နဲ့ထိုင်းအစိုးရအဖွဲ့ရဲ့ ယာယီ ဝန်ကြီးချုပ် ဝီချာရာချိုင်တို့ဆီမလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က ဆက်သွယ် ပြောဆိုခဲ့တာပါ။

မလေးရှား အနေနဲ့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်အရေး ပဋိ ပက္ခကို စိုးရိမ်နေသလို အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ အနေနဲ့တော့ လက်ရှိ စစ်ရေးပဋိပက္ခ ပိုမိုကြီးမထွားလာခင် ချက်ချင်းအပစ်ရပ်ကြဖို့ ၊သံတမန်လမ်းကြောင်းအရ တွေ့ဆုံဆွေးနွေးနိုင်မယ့် အခင်းအကျင်းဖန်တီးကြဖို့ ပန်ကြားလိုက်တယ််လို့ အန်ဝါအီဘရာဟင်မ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပန်ကြားချက်ကို နှစ်ဖက်လုံးကလည်းအပြုသဘောဆောင်တဲ့ လိုလားမှု ပြသတာကိုလည်း ကြိုဆိုတယ်လို့ အန်ဝါအီဘရာဟင်မ်က ပြောထားပါတယ်။

အာဆီယံအဖွဲ့ကြီး ဟာ ညီညွှတ်မှုရှိ သလို ငြိမ်းချမ်းရေးဟာလည်း အဖွဲ့ကြီးရဲ့ စုစည်းမှုနဲ့ မမှိတ်မသုန် ရွေးချယ်ရမယ့် အရာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။