Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာကင်းပုန်းဝပ်မယ့် စစ်သား ၄ ဦးတိုက်ခိုက်ခံရပြီး ၄ ဦးလုံးသေ၊​သေနတ် ၄ လက်သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာစစ်ကောင်စီယာဥ်တန်းလုံခြုံရေးအတွက်ကင်းပုန်းဝပ်မယ့် စစ်သား ၄ ဦး တိုက်ခိုက်ခံရပြီး ၄ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းတွေကို ​တော်လှန်ရေးအဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ပါတယ်။

သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-BHA

ဇူလိုင်-၂၅၊၂၀၂၅။ဇေအောင်၊ရဲ​ခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာစစ်ကောင်စီယာဥ်တန်းလုံခြုံရေးအတွက်ကင်းပုန်းဝပ်မယ့် စစ်သား ၄ ဦး တိုက်ခိုက်ခံရပြီး ၄ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းတွေကို ​တော်လှန်ရေးအဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ပါတယ်။

ဇူလိုင်၂၃ရက်နေ့ မနက်၅နာရီခွဲခန့်က ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီးမုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာဆိုင်ကယ် ၂စီးနဲ့ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့်စစ်သား (၄)ဦးလုံးသေဆုံးပြီး MA 3 ၁ လက်၊ MA 11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံး၊ ၅.၅၆ ကျည် ၄၀၀ တောင့်နဲ့ ဆိုင်ကယ် ၂ စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့ Brave Heart Army အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ချောင်းဦးမြို့ပေါ်ကနေမနက်ခင်းအစောပိုင်းကင်းပုန်းဝပ်ဖို့ထွက်လာတဲ့အကောင်တွေ။ဆိုင်ကယ်နှစ်စီးလေးယောက်နဲ့။ ဒီကောင်တွေက ကျွန်တော်တို့ သတ်ကွင်းထဲအထိ ရောက်တဲ့အနေအထားမျိုး။ ကျွန်တော်တို့ သတင်းကြိုရလို့စောင့်တဲ့အနေအထားမှာ ကျွန်တော်တို့ သတ်ကွင်းထဲအထိလည်းရောက်တယ်။ သူတို့ဘာမှလည်း ပြန်ပြီး ပစ်ခတ်နိုင်ခြင်းမရှိဘူး။ တိုက်ပွဲချိန်ကလည်း ဘာမှမကြာလိုက်ဘူး။”လို့ BHA ရဲ့ တာဝန်ရှိသူက​ပြောပါတယ်။

ရုပ်သံဖိုင်နဲ့ တကွသတင်းထုတ်ပြန်တာမှာလည်း အရပ်သားဝတ်စုံဝတ်ပြီး ကျည်ကာအီင်္ကျီဝတ်ထားတဲ့စစ်သား​လေးဦး ​သေဆုံးခဲ့တာကိုလည်း​တွေ့ရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချောင်းဦးမြို့နယ်ပကဖ အမှတ်(၁)တိုက်နယ်တိုက်ခိုက်ရေးတပ်စိပ် နဲ့ Brave Heart Army (BHA Local PDF) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင် ၂၃ရက်နေ့မနက်က စစ်တပ်ယာဥ်တွေဖြတ်သန်းမှာမို့ မုံရွာ-မန္တလေးလမ်းပေါ် မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်တပ်က ကင်းပုန်းတွေချထားခဲ့ပြီး ရမ်းသမ်းပစ်ခတ်တာတွေပါရှိခဲ့လို့ ကားတွေပိတ်မိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို BHA က ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါ အဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုကနေ MA1၊ ပါရီ၊ MA5၊ M9၊ sig batter စုစုပေါင်း သေနတ် ၅ လက် သိမ်းဆည်းရမိပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း BHAက အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေမှာ စစ်အုပ်စုဝင်တွေဟာ စစ်တပ်ကယာဥ်တွေနဲ့လာတိုင်း တိုက်ခိုက်ခံရလို့အိမ်စီးကားတွေနဲ့အပြင်ခရီးသည်

တင်ယာဥ်တွေပေါ်မှာပါ လိုက်ပါနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။