Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်ဟု ကြွေးကြော်ကာ စစ်ကိုင်းတိုင်းမှာဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၉)မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်”လို့ ကြွေးကြော်ကာ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်-၂၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၉)မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်”လို့ ကြွေးကြော်ကာ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ပြီး ပြည်သူကိုသတ်နေတဲ့ စစ်ကောင်စီအား အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင်ရည်ရွယ်ကာ “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်”၊ “ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ၊”နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”၊ “စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုရပ်”လို့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)တို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းကော်မတီဝင်တို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြသပိတ် ဒီကနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဆားလင်းကြီးလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook