Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ငလျင်လှုပ်လို့ ဒေသခံတွေထိတ်လန့်

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဒီကနေ့ညအင်အားအသင့်တင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားလို့ မြို့ခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

မုံရွာမြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-Myanmar Skyline

ဇူလိုင်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဒီကနေ့ညအင်အားအသင့်တင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားလို့ မြို့ခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက် ည ၈ နာရီ ၅၆ မိနစ်ခန့်က မုံရွာမြို့ပေါ်မှာ သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး အနည်းငယ် ပြင်းထန်တာကြောင့် ပြည်သူတွေထိတ်လန့်ခဲ့ကြကြောင်း မြို့ခံတွေက ပြောပါတယ်။

“လှဲနေတာတောင်သိသာတယ်။ရမ်းခါသွားတာ”လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့အပြင် ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်ဒေသတွေကပါ သိသာစွာ လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ည လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့၏မြောက်ဘက်၊ မြေအောက်အနက် ၁၂၅ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့် နဲ့ အင်အားအတော်အသင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့ အထက်ပါဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။