Connect with us

Hi, what are you looking for?

သတင်း

ပင်လုံမှာ‌ လေပြင်းကြောင့် ညောင်ပင်လဲကျကာ ကလေးငယ်တစ်ဦးသေဆုံး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲကျပြီး ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ပင်လုံမြို့တွင် ညောင်ပင်လဲကျမှုကြောင့် ရှင်းလင်းနေစဉ်။ ဓာတ်ပုံ - MFSD

ဩဂုတ်-၁၊၂၀၂၅။တေဇ/People’s Spring

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲကျပြီး ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ဇူလိုင် ၃၁ရက် ည ၆နာရီခွဲခန့်တွင် ပင်လုံမြို့ အမှတ်(၃)ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် ၁၀ပေခန့်ရှိသော ညောင်ပင်မှာ လူနေအိမ်ပေါ်သို့ လဲကျခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်၌ ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မစိုးရိမ်ရဒဏ်ရာများရရှိသည်ဟု မီးသတ်တပ်ဖွဲ့ကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါနေရာသို့ လွိုင်လင်ခရိုင်မီးသတ်စခန်း နှင့် ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးစီနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့သည် ဝီဖာ(Wipha)မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးနှင့်လေ ပြင်းထန်နေစဉ် ယနေ့(ဇူလိုင်၂၄ရက်) တစ်နေ့တည်း ရန်ကုန်၊ မြစ်ကြီးနား၊မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့၌ လေပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။