Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ ထိပ်သီးညီလာခံကို ထရမ့် တက်ရောက်မယ်လို့ မလေးရှား အတည်ပြု

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးဆီ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို့ သိရပါတယ်။

Reuters

သြဂုတ် -၁ ၊၂၀၂၅ /People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးဆီ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလကျရင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အဲဒီညီလာခံကို ထရမ့်ရောက်ရှိလာမှာ ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဇူလိုင် ၃၁ ရက်နေ့၊ မလေးရှားလွှတ်တော် ညီလာခံမှာ ကြေညာခဲ့ပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံပါ။

သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖုန်းပြောခွင့် ရခဲ့ကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားရဲ့ လေးနက်တဲ့၊ အပြုသဘောဆောင်တဲ့ ကြားဝင် ဖြေရှင်းပေးမှုတွေကို ထရမ့်က အလေးအနက် အသိအမှတ် ပြုခဲ့ကြောင်း အန်ဝါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူနဲ့ ဖုန်းပြောချိန်မှာ ထရမ့်က အာဆီယံ ညီလာခံ တက်ရောက်မယ့် ကိစ္စကို အတည်ပြုခဲ့သလို နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေလည်း ဆွေးနွေးခဲ့တယ်လို့ အန်ဝါက ကြေညာခဲ့ပါတယ်။

မလေးရှားဖက်က အဆိုပြုချက်တွေကို ထရမ့်က သေချာနားထောင်ပြီးတဲ့နောက် မလေးရှားရဲ့ ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဩဂုတ် ၁ ရက်နေ့မှာ ကြေညာဖွယ် ရှိတယ်လို့ သူ့ကို ပြောခဲ့ကြောင်း အန်ဝါက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုဟာ ဇူလိုင်လတုန်းက ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံကို တက်ရောက်ခဲ့သလို အခုတော့ ထရမ့်ကပါ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ရူဘီရိုရဲ့ ကွာလာလမ်ပူ ခရီးစဉ်မှာ ကတည်းက ထရမ့်ရဲ့ ထိပ်သီးညီလာခံ တက်ရောက်မယ့် အစီအမံတွေကို ကြိုတင် ညှိနှိုင်းထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို အောက်တိုဘာ ၂၆ ရက်နေ့ကျရင် ကွာလာလမ်ပူမှာ ကျင်းပသွားမှာပါ။

ကိုးကား – Bernama

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။