Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှဗန်းမော်သို့တက်လာသည့် စစ်သင်္ဘောအုပ်စုကို KIAနှင့်ပူး​ပေါင်းတပ်တိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမှ ဗန်းမော်မြို့သို့ ထပ်မံဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုနှင့် ယနေ့(ဩဂုတ်၁ရက်) ဆက်လက် တိုက်ပွဲပြင်းထန်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ စစ်သ​ဘော်အချို့ကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်စဥ်။ဓါတ်ပုံ-Padang Nsen

ဩဂုတ် ၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ရွှေကူမှ ဗန်းမော်မြို့သို့ ထပ်မံဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုနှင့် ယနေ့(ဩဂုတ်၁ရက်) ဆက်လက် တိုက်ပွဲပြင်းထန်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇူလိုင် ၂၇ရက်ကတည်းက ရွှေကူမှ ဗန်းမော်မြို့သို့ သင်္ဘောများဆန်တက်ရန် ကြိုးပမ်းနေရာ KIA နှင့်ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ရှေ့မဆက်နိုင်၍ စစ်ကောင်စီက လေကြောင်းပစ်ကူပေး ပစ်ခတ်မှုများဖြင့် ထပ်မံကြိုးစားနေခြင်းဖြစ်သည်။ လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့် သင်္ဘောလုံခြုံရေး စစ်ကြောင်းထိုးသော်လည်း KIA၏ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ရက်များအတွင်း စစ်ကောင်စီတပ် အထိနာခဲ့သည်။

ယနေ့ (ဩဂုတ် ၁ရက်)တွင် စစ်ကောင်စီသည် ဗန်းမော်မြို့သို့ သင်္ဘော ၉စီးဖြင့် ထပ်မံဆန်တက်ရာ လက်ရှိတွင် စင်းခန်းအကျော် ဗန်းမော်မြို့နယ် မြလည်ရွာအနီးတိုက်ပွဲပြင်းထန်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Public Service Announcement

Public Service Announcement

“ရွှေကူဘက်ကတက်လာတဲ့ စကစရဲ့သင်္ဘောတွေကစင်းခန်းဘက်ရောက်တယ်လို့ပြောကြပါတယ် ။ စင်းခန်းကနေနည်းနည်းကျော်သွားရင်မြလည်ဆိုတဲ့နေရာရှိပါတယ်။ မြလည်မှာတော့ ညနေပိုင်းက တိုက်ပွဲတွေအကြီးအကျယ်ဖြစ်တယ်လို့ ကြားပါတယ်။ အဲဒီကနေ ဖြတ်ပြီးမှ ဆန်တက်သွားမယ်ဆိုရင်တော့ ညသန်းခေါင်လောက်ဆိုရင်တော့ ဗန်းမော်ရောက်လောက်ပါပြီ။ဒါပေမဲ့အခုထက်ထိတော့ မြလည်ကနေဖြတ်သွားပြီလားတော့ မသိသေးဘူးပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲအခြေအနေ အသေးစိတ် မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်းပြောသည်။

“ရွှေကူဘက်ကနေ ဆန်တက်လာတာတော့ ၉စီးလို့တော့ပြောတယ်။ ဒီဗန်းမော်ရောက်မယ့် သင်္ဘောတွေကတော့ အခုထိကတော့မသိရသေးဘူးပေါ့။ တိုက်ပွဲမှာထိခိုက်တာတွေကျဆုံးတာတွေ သင်္ဘောတွေ ပျက်စီးတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မကြားသိရပါဘူး။ ဒါကတော့ကျနော်တို့လည်းစုံစမ်းနေဆဲပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီသည် KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဇူလိုင် ၂၇ရက်မှလကုန်ပိုင်းအထိ ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်ရန်ကြိုးပမ်းသည့် စစ်သင်္ဘောများကို KIAက တိုက်ခိုက်ရာတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အရေအတွက်အသေးစိတ် အခြေအနေများဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook