Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း၌ KNAက စစ်တပ်အား ဒရုန်းစစ်ဆင်ရေးဖြင့်တိုက်ခိုက်

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ဒရုန်းစစ်ဆင် ရေး(Drone Mission)ဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဩဂုတ်၂ရက်) ထုတ်ပြန်သည်။

မိုးဗြဲ - လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ဒရုန်းစစ်ဆင် ရေး(Drone Mission)ဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဩဂုတ်၂ရက်) ထုတ်ပြန်သည်။

သြဂုတ်-၂ ၊၂၀၂၅။ရဲခေါင်/People’s Spring

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ဒရုန်းစစ်ဆင် ရေး(Drone Mission)ဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဩဂုတ်၂ရက်) ထုတ်ပြန်သည်။

KNA၏ ဒရုန်းတပ်ဖွဲ့အနေဖြင့် မိုးဗြဲမြို့မှစစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်အား ယမန်နေ့(သြဂုတ် ၁ရက်)က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ရန်သူဘက်က မမျှော်မှန်းထားတဲ့အချိန် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ။မိုးဗြဲ-လွိုင်ကော်လမ်းကို ထိန်းချုပ်ပြီး အဲဒီအနီးနားက ဧရိယာတွေမှာ ကင်းရှည်ထုတ်ထားတာ”ဟု စစ်ကောင်စီတပ်အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ KNA တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒရုန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အတိအကျပြောဆိုနိုင်ခြင်း မရှိသေးဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေရဆဲဖြစ်ပြီး ထိန်းချုပ် နိုင်ပါက ယာဥ်လိုင်းများပြန်လည်ပြေးဆွဲခြင်းနှင့် မိုးဗြဲ ဒေသခံလူထုကို ပြန်လည်နေထိုင်ရန် ဖိအားပေးကာ အတုအယောင်ရွေးကောက်ပွဲကိုပါ ပြုလုပ်ရန်စီစဥ်ထားကြောင်း ကရင်နီဒေသခံများက သုံးသပ်သည်။

“မိုးဗြဲနဲ့ ဖယ်ခုံ လျှပ်စစ်မီးပြန်ရဖို့ဆိုပြီး စကစဘက်က လုပ်နေတာရှိတယ်။အဓိကတော့ ဒေသခံတွေ ပြန်နေထိုင်ဖို့စည်းရုံးတာပေါ့။လွိုင်ကော်နဲ့ မိုးဗြဲ လိုင်းကားဆွဲဖို့ စီစဥ်နေတာကတော့ အဆင်မပြေသေးဘူး”ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ဝင် ပေါက်ဖြစ်ရာ မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လ ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် မိုးဗြဲလမ်းမကြီးကို ဇူလိုင်လဆန်းက ပြန် လည် ထိန်းချုပ်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် လွိုင်ကော်နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်ရပြီးနောက် ဒီးမော့ဆိုမြို့နယ်သို့ပါ စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်နေသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်အောက်ဘက်ရှိ ဖရူဆိုမြို့နယ်ရှိ စစ်တပ်အခြေစိုက်တပ်စခန်းများကို သုံးလဆက် စစ်ကောင်စီက လေကြောင်းမှ ခဲယမ်း၊ရိက္ခာအများအပြားပို့ဆောင်နေကြောင်း KNDFထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် ရှားတောနှင့် မယ်စဲ့ မြို့နယ်တို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားဆဲဖြစ်ကာ ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများအား ပိတ်ဆို့ထားသည်။ဖား ဆောင်းမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်တပ်၏ နောက်ဆုံးလက်ကျန် ခလရ(၁၃၅)တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။