Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးဒေသရေကြီး၍ကျေးရွာ ၈၀ ကျော်ရေနစ်မြုပ်၊ ပြည်သူသုံးသောင်းနီးပါး ရေဘေးသင့်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို) တွင် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်း ၈၀ကျော်မှ ပြည်သူများ ရေဘေးကြုံနေကြရဟု KNUဗဟိုက ယနေ့ (ဩဂုတ် ၅ရက်)တွင် သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)တွင် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာများ ရေနစ်မြုပ်နေစဉ်။ ဓာတ်ပုံ - KNU

ဩဂုတ်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို) တွင် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်း ၈၀ကျော်မှ ပြည်သူများ ရေဘေးကြုံနေကြရဟု KNUဗဟိုက ယနေ့ (ဩဂုတ် ၅ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါဒေသတွင် ဇူလိုင် ၂၄ရက်မှ စတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းဖြစ်သည်ဟုဆိုသည်။

မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ဒေသတွင်းကျေးရွာအုပ်စု ၂၄ ခုတွင် ယခုအချိန်ထိ ရေနစ် မြုပ်ကာ ကျေးရွာ ၈၀၊ အိမ်ခြေ ၅၀၀၀ကျော်၊ လူဦးရေ ၂၈,၀၀၀ကျော် ရေဘေးသင့်နေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စပါးစိုက်ပျိုးထားသည့် လယ်ဧက သုံးသောင်းကျော် ရေလွှမ်းမိုးပျက်စီးခဲ့ရဟု ထုတ်ပြန်သည်။ရေဘေးကြောင့်စာသင်ကျောင်း၄၀နီးပါး ကျောင်းပိတ်ထားရဟုလည်း အသိပေးသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၅၇ရွာ ရေဘေးကြုံနေရပြီး ဒေသခံ နေအိမ် ၁၄လုံး ရေထဲမျောပါသွားဟု KNU ညောင်လေးပင်ခရိုင်က အသိပေးထားသည်။

မူး(မုန်း)မြို့နယ်တွင်လယ်ဧက၄၀၀၀ ကျော်ရေနစ်မြုပ်ကာစာသင် ကျောင်း ၁၈ကျောင်းပိတ်ထားရဟု ထုတ်ပြန်သည်။

ရေကြီးရေလျှံမှု ၊ မြေပြိုမှုများကြောင့် လူနေအိမ် ရေတိုက်စားခံရသည့်အပြင် ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဟု မူးမြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ဩဂုတ် ၁ရက်တွင် အသိပေးထားပြီး ပြည်တွင်း ပြည်ပ အဖွဲ့များအနေဖြင့် ရေဘေးသင့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။