Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ ရှစ်လေးလုံးအရေးတော်ပုံ အကြို လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၅)မှာရှစ်လေးလုံးအရေးတော်ပုံအကြို လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

သြဂုတ်-၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၅)မှာရှစ်လေးလုံးအရေးတော်ပုံအကြို လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး ၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဘန်နာစာသားနဲ့အတူ (၃၇)နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံအကြိုလူထုလှုပ်ရှားမှုကိုမြောင်မြို့

နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဒေသခံကျောင်းသားလူငယ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေဦးမြို့နယ်၊ ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပြည်သူတွေက လယ်ယာလုပ်ငန်းဝင်ရင်းစစ်အာဏာရှင်စနစ်ကျရှုံးရေး ကြွေးကြော်သံတွေနဲ့အတူ ကောက်စိုက်သမားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း၊ ကလေးမြို့ဒေသခံပြည်သူတွေနဲ့အတူ အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု တရပ်ကိုပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ် ချီတက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook