Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား​သေဆုံးထိခိုက်သေဆုံးမှု ၄ ရက်ဆက်ကြုံ

ဖားကန့်တွင် ယ‌မန်နေ့ည၉နာရီကျော်ကစစ်ကောင်စီဗျူဟာကုန်းမှပစ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၁ဦးထပ်မံသေဆုံးတာ ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများကို လူနာတင်ယာဥ်​ပေါ်သို့တင်​ဆောင်စဥ်။ဓါတ်ပုံ-CJ

သြဂုတ်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင် ယ‌မန်နေ့ည၉နာရီကျော်ကစစ်ကောင်စီဗျူဟာကုန်းမှပစ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၁ဦးထပ်မံသေဆုံးတာ ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

သြဂုတ် ၇ ရက်ည ၉နာရီ၂၀မိနစ်တွင်စစ်တပ်ဗျူဟာကုန်းကလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။ ဆိုင်းတောင်ကျေးရွာ၊ ဆုတောင်းတောင်မှ လူနေအိမ် ပေါ်ကျရောက်ပေါက်ကွဲခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“လက်ရှိကြားရသလောက်အသက်ကြီးအမျိုးသမီးတစ်ဦးသေဆုံးတယ်။ ဒဏ်ရာရသူတွေလည်းရှိထားတယ်။ လက်နက်ကြီးရန်ကြောင့် ဒေသခံတွေ အပြင်မထွက်ရဲကြဘူး”ဟု ဆိုင်းတောင်တွင်နေထိုင်သူ တစ်ဦးကပြောသည်

Public Service Announcement

Public Service Announcement

ထိုဖြစ်စဉ်သည် ဖားကန့်၌ စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လေးရက်ဆက်အရပ်သားထိခိုက်သေဆုံးမှုဖြစ်သည်။

ဩဂုတ်လ ၄ရက်ကပစ်ခတ်မှုတွင်အသက် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင်၃ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ဩဂုတ်လ ၅ရက်က ပစ်ခတ်မှုတွင်ရှရော်ခရွာ၊စည်ပင်ကွက်သစ်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဆယ်တန်းကျောင်းသူအပါအဝင် သုံးဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၆ ရက်ကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိခဲ့ပြီး သြဂုတ် ၇ ရက်တွင်လည်း လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခြင်းဖြစ်သည်။ ထို့အပြင်ဩဂုတ်လ ၇ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဖားကန့်ကိုဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။