Connect with us

Hi, what are you looking for?

သတင်း

ပြည်သူနှင့်အဖွဲ့အားလုံးစုစည်းပြီး အင်တိုက်အားတိုက် တော်လှန်ရေးတိုက်ပွဲဝင်ကြရန် KIO ဥက္ကဋ္ဌ တိုက်တွန်း

အာဏာရှင်စနစ်ကိုဖြတ်ချရန်ပြည်သူအားလုံး၌တာဝန်ရှိပြီးမပြီးသေးသည့်တော်လှန်ရေးခရီးစဉ်များကိုအားလုံးစုစည်းညီညွတ်စွာဖြင့်ရှေ့ဆက်တိုက်ပွဲဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာရှင်စနစ်ကိုဖြတ်ချရန်ပြည်သူအားလုံး၌တာဝန်ရှိပြီးမပြီးသေးသည့်တော်လှန်ရေးခရီးစဉ်များကိုအားလုံးစုစည်းညီညွတ်စွာဖြင့်ရှေ့ဆက်တိုက်ပွဲဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်)ကျရောက်သည့်ကချင်အာဇာနည်နေ့သို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကချင်ဘာသာ မိန့်ခွန်းကို KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘာသာပြန် ရှင်းပြပေးသည်။

Public Service Announcement

Public Service Announcement

“ရှေ့ဆက်ပြီးမှ မပြီးသေးတဲ့ တော်လှန်ရေးတွေကို ပြည်သူလူထုနဲ့ ကျနော်တို့အဖွဲ့အစည်းတွေအားလုံးကတစုတစည်းနဲ့အင်တိုက်အားတိုက်ရှေ့ ဆက်ပြီးမှ တော်လှန်ရေးတိုက်ပွဲဝင်ကြဖို့ နှိုးဆော်တဲ့ မိန့်ခွန်းတွေပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက အဖွဲ့ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အကြောင်းအရာကို ပြောပြသည်။

စစ်ကောင်စီက နိုင်ငံတဝန်း စစ်ဆင်ရေးများ ဖော်ဆောင်နေမှု၊ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေမှု ဆက်တိုက်လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး သတိထားရန် KIO ဥက္ကဋ္ဌက ပြည်သူများကို သတိပေးခဲ့သည်ဟု ဆိုသည်။

“ မိဘ ပြည်သူများအနေနဲ့ ရန်သူ့သတင်းကို အမြဲနားစွန့်ဖို့ အရေးကြီးတဲ့အကြောင်း၊သူက(စစ်ကောင်စီတပ်က) စာသင်ကျောင်းတို့ ဘုရားကျောင်းတို့ ဒုက္ခသည်စခန်းတွေအားလုံးကို လေကြောင်းနဲ့ ဗုံးကြဲတာတွေ ဒရုန်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ရမ်းပစ်တာ အမြဲတမ်းလုပ်နေတာ။ ဒါကြောင့် မသေသင့်တဲ့ မထိခိုက်သင့်တဲ့ ပြည်သူလူထုတွေ လည်း အသက်စွန့်သွားတာ အများကြီး ကြုံတွေ့ရတယ်။ ဆက်ပြီးမှလည်း ဒါမျိုးမဖြစ်အောင်ပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့်တော်လှန်ရေးရဲဘော်များနှင့် မျိုးဆက်သစ်လူငယ်များ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်ကြရန် KIO ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

“ကျနော်တို့ရဲ့ အဇာနည်ခေါင်းဆောင်များကဲ့သို့ပေါ့ ကျနော်တို့ တိုင်းပြည်ကိုကာကွယ်တက်ဖို့ကိုယ့်လူမျိုးတွေကိုချစ်တက်ဖို့ အားလုံးကို တိုက်တွန်းတဲ့အချက်တွေပါပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

KIO သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်သည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်နွေဦးတော်လှန် ရေးတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ပံ့ပိုးကူညီပေးလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

KIO သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်သည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်နွေဦးတော်လှန် ရေးတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ပံ့ပိုးကူညီပေးလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။