Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက Sky Villaမှာ ငလျင်လှုပ်ပြီး ​လေးလခွဲအကြာ ရုပ်အလောင်းထပ်တွေ့

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

ပြိုကျ Sky villa အဆောက်အအုံမှ ထပ်မံတွေ့ရှိသည့်ရုပ်အလောင်းအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-MFSD

သြဂုတ်-၁၃၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦး A အဆောင်ကို ရှင်းလင်းခဲ့ရာ ဒီကနေ့ သြဂုတ် ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

“Sky villa က ကယ်ဆယ်ရေးလုပ်ငန်းက တော်တော်ဆိုးပါတယ်။ခုချိန်ထိအလောင်းတွေကတွေ့နေရတုန်းပဲ”လို့ဒေသခံတဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

၎င်းရုပ်အလောင်းဟာ Sky Villa ရဲ့ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 က ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူရာချီသေဆုံးကာ အဆောက်အအုံလေးထောင်ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ​လေး လခွဲကျော် ကြာခဲ့ပြီဖြစ်ပေမယ့်ယနေ့အထိအပျက်အစီးတွေရှင်းလင်းနေရဆဲဖြစ်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။