Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က သုံးရက်ဆက်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုဒီနေ့၊ နေ့လည် ၁နာရီ လောက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီတပ် လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး စစ်ဘေး ရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံ တချို့က​ပြောပါတယ်။

သြဂုတ် ၁၃ ရက်တွင်ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Wetlet Information Group

ဩဂုတ်-၁၃၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုဒီနေ့၊ နေ့လည် ၁နာရီ လောက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီတပ် လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး စစ်ဘေး ရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံ တချို့က​ပြောပါတယ်။

ဩဂုတ်လ၁၃ ရက်နေ့၊ မွန်းလွဲ ၁နာရီမှာ ဝက်လက်မြို့နယ်အ ရှေ့ခြမ်းကစစ်ဘေးရှောင်စခန်းတွေနဲ့ စစ်ဘေးရှောင် တွေနေတဲ့ ဘုရားကို မိတ္ထီလာကတက်လာတဲ့စစ်တပ်​လေယာဥ်တစီးနဲ့ တံတားဦးက​လေယာဥ်တစီး၊စုစု​ပေါင်း လေယာဥ်နှစ်စီးနဲ့ဗုံး ၉ကြိမ်ကြဲခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“အထိခိုက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲဒဏ်ရာရကြတာပါ”လို့ Wetlet information Network က ကိုနဂါးလေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၂ ရက်ကလည်း လေယာဉ်နှစ်စီးနဲ့ ဝက်လက်မြို့နယ်၊တိုက်ရွာရဲ့ တောင်ဘက်က မင်းဝံ တောင်ရိုးတ ကြောကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဩဂုတ်လ ၁၁ရက် နေ့ကလည်း အမှတ်(၁) ခရိုင်ချင်းဆက်လမ်း(ဗျူဟာလမ်း)ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ကားသမား တွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ၁၀ဦး ကျော်ဒဏ်ရာ ရခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။