Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လမ်းဘေးခွေးတွေကို လွတ်လပ်ခွင့် ပေးထားသင့်ကြောင်း အိန္ဒိယ တရားရုံးချုပ် ဆုံးဖြတ်

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာရှိတဲ့ လေလွင့်ခွေးတွေကို ဖမ်းဆီးချုပ်နှောင်ထားတာမျိုး မလုပ်ဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားသင့်ကြောင်း တရားရုံးချုပ်က အဆုံးအဖြတ် ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာရှိတဲ့ လေလွင့်ခွေးတွေကို ဖမ်းဆီးချုပ်နှောင်ထားတာမျိုး မလုပ်ဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားသင့်ကြောင်း တရားရုံးချုပ်က အဆုံးအဖြတ် ပေးခဲ့ပါတယ်။

မူလက တရားရုံးချုပ်ဟာ ဒေလီရဲ့ လေလွင့်ခွေးတွေကို ဖမ်းဆီး ချုပ်နှောင်ထားဖို့ အားထုတ်နေတဲ့ အာဏာပိုင်တွေကို ဟန့်တားခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခွေးတွေကို သီတင်း ၈ ပတ်အတွင်း အားလုံး ဖမ်းဆီး ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီကိစ္စဟာ အတိုင်းအတာ ပမာဏ ကျယ်ပြန့်ကြီးမားလွန်းတာကြောင့် လက်တွေ့ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ တာဝန်ရှိသူတွေက လမ်းဘေးမှာ လေလွင့်နေတဲ့ ခွေးကောင်ရေ ထောင်သောင်းချီပြီး ဖမ်းဆီးထားခဲ့ပေမယ့်လည်း ဒေလီတစ်မြို့လုံး အတိုင်းအတာအရ လေလွင့်ခွေး ၁ သန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက နောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရတော့ အိန္ဒိယ တစ်နိုင်ငံလုံးမှာ လေလွင့်ခွေး ၁၅ သန်းကျော်လောက် ရှိခဲ့ပါတယ်။

အခုသီတင်းပတ်ကုန် တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ လေလွင့်ခွေးတွေကို ဖမ်းဆီးချုပ်နှောင်ထားခြင်းဟာ နည်းလမ်းမကျဘူးလို့ ပါရှိပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ခြွင်းချက်အဖြစ် ပြန်မလွှတ်ခင် ကာကွယ်ဆေး ထိုးပေးဖို့နဲ့ သားကြောဖြတ်ပေးဖို့ တရားရုံးချုပ်က တစ်ပါတည်း ညွှန်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မဖမ်းဆီးရသေးတဲ့ လေလွင့်ခွေးတွေထဲမှာလည်း ပတ်ဝန်းကျင်ကို ရန်လိုတာမျိုး၊ ခွေးရူးရောဂါ လက္ခဏာမျိုး ပြသလာတာ မဟုတ်ရင် ရှင်းလင်းတာမျိုး မလုပ်ဖို့ တရားရုံးချုပ် အမိန့်မှာ ပါရှိခဲ့ပါတယ်။

လေလွင့်ခွေးတွေကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ အဲဒီစီရင်ဆုံးဖြတ်ချက်ဟာ ခွေးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် ပျော်စရာသတင်း ဖြစ်လာပါတယ်။ လမ်းဘေး လေလွင့်ခွေးတွေကို စာနာချစ်ခင်သူတွေ အများကြီး ရှိကြောင်း၊ ဒါပေမဲ့ အများကြီးကို အိမ်ခေါ်ပြီး မွေးထားနိုင်ဖို့ကလည်း လက်တွေ့မကျကြောင်း၊ ဒီတော့ အကောင်းဆုံးနည်းက သူတို့ကို သားကြော ဖြတ်ပေးတာသာဖြစ်ကြောင်း ခွေးချစ်သူ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

လူသန်း ၃၀ လောက် နေထိုင်ရာ ဒေလီမှာ ၂၀၂၄ တုန်းက ခွေးကိုက်မှုပေါင်း ၂၅၀၀၀ ကျော် ဖြစ်ပွားခဲ့ပေမယ့် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ မနှစ်တုန်းက စုစုပေါင်း ခွေးကိုက်ခံရသူ ၃.၇ သန်းရှိခဲ့ပြီး ခွေးရူးပြန်လို့ ၅၄ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။