Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်က ရွာတွေကို စစ်ကြောင်းထိုးနေပြီး အိမ်တွေကိုမီးရှို့

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီတပ်ရဲ့ ဥတ္တူတံတားစစ်ဆေးရေးဂိတ်ကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-CJ

သြဂုတ် – ၂၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

သြဂုတ် ၂၂ ရက်မနက်ပိုင်းမှာ သရက်ချောင်းနယ်၊ မိုးရွှေဂူရွာကို စစ်ကောင်စီတပ်က လက် နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ငါးနေရာထက်မနည်းနေရာခွဲ၍ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ အဲဒီရင်းမြစ်တွေက ပြောပါတယ်။

“သရက်ချောင်းမြို့နယ်ထဲကမိုးရွှေဂူရွာကို လက်နက်ကြီးတွေပစ်ခတ်ပြီး ခွေးစစ်ကြောင်းတွေ၀င်ရောက်နေတယ်။ နေအိမ်တွေလည်း မီးရှို့ထားတယ်။မီးခိုးလုံးကြီးတွေ ၅ နေရာလောက် မြင်နေရတယ်ဗျ”လို့စစ်တပ်ကရွာကိုမီးရှို့တာနဲ့ပတ်သက်ပြီးစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာထားဝယ်အခြေစိုက်အမှတ်(၂၅)​ခြေလျင်တပ်ရင်း( ခလရ-၂၅)တပ်ကနေ ရောက်ရှိလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါဝင်တဲ့စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကနဦးရောက်နေတဲ့ စစ်ကြောင်းတစ်ကြောင်းလည်း ထပ်ရှိသေးတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေ ရွာတွေကိုဝင်ရောက်ပစ်ခတ်ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာကြောင့် မိုးရွှေဂူရွာနဲ့ စော်ဖျားရွာတွေအပါ အဝင် ကျေးရွာခုနစ်ရွာမှ ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စုံစမ်းသိရပါတယ်။

“ထား၀ယ်ခလရ(၂၅)တပ်ကလည်းပါသလိုသရက်ချောင်းဖက်ကလည်းပါမယ်ဗျ။အများစုက စစ်မှုထမ်းတပ်သားတွေလို့ ယူဆရတယ်”လို့​ဒေသခံ ဒေသစစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်ခန့်က အဲဒီ မိုးရွှေဂူနဲ့ စော်ဖျားရွာတွေနားမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကအထိနာခဲ့ပြီးလေကြောင်းပစ်ကူတွေပါ ပေးခဲ့ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook