Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ် ထိုးစစ်​ကြောင့် ​ဆောမြို့နယ်တွင် စစ်​ရှောင်တစ်​ထောင်​ကျော်ရှိလာ

“မနေ့က ထွက်ပြေးရတာအဆိုးဆုံးပဲ။ အကုန်လုံးက ဘာမှ မယူနိုင်ဘူး။အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ကို ပစ်တာကို။စစ်ပွဲကလည်း အချိန်မရွေးထဖြစ်နိုင်သေးတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဆောမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူတစ်ထောင်ကျော်အထိရှိလာသည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်ရှောင်ရမှုတွင် တောမ၊ ကျင်းလိန် နှင့် အုတ်ဖို ကျေးရွာများမှ ရွာလုံးကျွတ် နီးပါး တိမ်ရှောင်နေရခြင်းဟု ၎င်းက ဆိုသည်။

“မနေ့က ထွက်ပြေးရတာအဆိုးဆုံးပဲ။ အကုန်လုံးက ဘာမှ မယူနိုင်ဘူး။အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ကို ပစ်တာကို။စစ်ပွဲကလည်း အချိန်မရွေးထဖြစ်နိုင်သေးတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ပေးထားသူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများကို ကျေးဇူးအထူးတင်ရှိသည်ဟုလည်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရNUG နှင့်ချိတ်ဆက်ကာ စစ်ဘေးသင့်သူများကို ကူညီနိုင်ရေးအတွက် ကြိုးစားနေသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

စစ်ဘေးရှောင် ကျေးရွာအုပ်စုတာဝန်ခံများကလည်း လိုအပ်နေသည်များကို တိုင်ပင်ဆွေးနွေးရန် နှင့် အစွမ်းကုန်ကူညီသွားမည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များဘက်မှလည်း စစ်ဘေးရှောင်များကို တိုက်ရိုက်ဖြစ်စေ၊၎င်း တို့ထံမှ ဖြစ်စေကူညီနိုင်ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

ယောဒေသ ဖြစ်သည့် ဆော ၊ ကျောက်ထုနှင့် လောင်းရှည်မြို့နယ်များသို့ အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၃၀၀ခန့်က နိုဝင်ဘာ ၁၅ ရက်ကစ၍ တပ်စွဲပြီး စစ်ကြောင်းထိုးနေသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက ခုခံတွန်းလှန်ပြီး ယမန်နေ့ အထိ တိုက်ပွဲများအရ စစ် ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

Facebook