Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်​ကောင်စီတပ် ထိုးစစ်​ကြောင့် ​ဆောမြို့နယ်တွင် စစ်​ရှောင်တစ်​ထောင်​ကျော်ရှိလာ

“မနေ့က ထွက်ပြေးရတာအဆိုးဆုံးပဲ။ အကုန်လုံးက ဘာမှ မယူနိုင်ဘူး။အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ကို ပစ်တာကို။စစ်ပွဲကလည်း အချိန်မရွေးထဖြစ်နိုင်သေးတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဆောမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူတစ်ထောင်ကျော်အထိရှိလာသည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်ရှောင်ရမှုတွင် တောမ၊ ကျင်းလိန် နှင့် အုတ်ဖို ကျေးရွာများမှ ရွာလုံးကျွတ် နီးပါး တိမ်ရှောင်နေရခြင်းဟု ၎င်းက ဆိုသည်။

“မနေ့က ထွက်ပြေးရတာအဆိုးဆုံးပဲ။ အကုန်လုံးက ဘာမှ မယူနိုင်ဘူး။အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ကို ပစ်တာကို။စစ်ပွဲကလည်း အချိန်မရွေးထဖြစ်နိုင်သေးတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ပေးထားသူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများကို ကျေးဇူးအထူးတင်ရှိသည်ဟုလည်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရNUG နှင့်ချိတ်ဆက်ကာ စစ်ဘေးသင့်သူများကို ကူညီနိုင်ရေးအတွက် ကြိုးစားနေသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

စစ်ဘေးရှောင် ကျေးရွာအုပ်စုတာဝန်ခံများကလည်း လိုအပ်နေသည်များကို တိုင်ပင်ဆွေးနွေးရန် နှင့် အစွမ်းကုန်ကူညီသွားမည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များဘက်မှလည်း စစ်ဘေးရှောင်များကို တိုက်ရိုက်ဖြစ်စေ၊၎င်း တို့ထံမှ ဖြစ်စေကူညီနိုင်ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

ယောဒေသ ဖြစ်သည့် ဆော ၊ ကျောက်ထုနှင့် လောင်းရှည်မြို့နယ်များသို့ အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၃၀၀ခန့်က နိုဝင်ဘာ ၁၅ ရက်ကစ၍ တပ်စွဲပြီး စစ်ကြောင်းထိုးနေသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက ခုခံတွန်းလှန်ပြီး ယမန်နေ့ အထိ တိုက်ပွဲများအရ စစ် ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။