Connect with us

Hi, what are you looking for?

News

ရန်ကုန်တစ်တိုင်းလုံး မီးပြတ်​နေချိန် စစ်​ကောင်စီတပ်တွေ ပိတ်ဆို့စစ်​ဆေးမှု​တွေလုပ်​နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာမဟုတ်ဘဲ အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ဓာတ်အားပြတ်တောက်မှုများဖြစ်နေကြောင်း လူမှုကွန်ရက်၌ မျှဝေထားကြသည်။

တောင်တွင်းကြီး-သပြေဝဓာတ်အားစနစ်ချိုးယွင်းသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကသတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီ ၄၅ မိနစ် ခန့်တွင် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ဓာတ်အားပြန်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာမဟုတ်ဘဲ အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ဓာတ်အားပြတ်တောက်မှုများဖြစ်နေကြောင်း လူမှုကွန်ရက်၌ မျှဝေထားကြသည်။

System Break Down ဟုဆိုကာ မီးပြတ်နေချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ အာဏာသိမ်းစစ်ကောင်စီဝင်များဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
လှိုင်မြို့နယ်အတွင်း၌ Royal Thukha Condo မှအခန်းတစ်တစ်ခန်းကို စစ်ကောင်စီ ၃၀ ခန့်ဖြင့်ဝင်ရောက်စစ်ဆေးနေကြောင်း ရန်ကုန်အခြေအနေကိုဖော်ပြပေးနေသည့် Scout News ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌လည်း သင်းဝင်မှတ်တိုင်အနီးမှစ၍ ပင်လုံလမ်းမကိုပိတ်ကာစစ်ဆေးမှုများပြုလုပ်နေကြောင်း ယင်းပေ့ချ်၌ ဖော်ပြထားသည်။

ယင်းမြို့နယ်များအပြင် အင်းစိန် ၊ တာမွေ မြို့နယ်များ၌လည်း စစ်ကောင်စီဝင်များခြေရှုပ်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ ယနေ့ ည ၇ နာရီခွဲအချိန်ခန့်၌ မီးပြတ်မှုများဖြစ်နေပြီး System Break Down ကြောင့် မီးပြတ်ခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။