Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမြို့ကိုစစ်တပ်ဗုံးကြဲ ပြည်သူ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချရာကနဦးသတင်းအရ ဒေသခံအရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့​ကြောင်းအချို့ကပြောသည်။

စစ်တပ်ကဗုံးကြဲပြီး​နောက်အပျက်အစီးနှင့်ဒဏ်ရာရသူအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-APM

သြဂုတ်-၂၆၊၂၀၂၅။လူအေး/People’s Spring

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချရာကနဦးသတင်းအရ ဒေသခံအရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့​ကြောင်းအချို့ကပြောသည်။

ယမန်နေ့(ဩဂုတ်လ ၂၅ ရက်)ည၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီကမြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်သည်။

“ဆက်သွယ်ရေးလိုင်းမကောင်းပါ။ဒိုင်းကျီက မြို့ပေါ်မှာပါ။အခုသိရသလောက် သေဆုံးတာ ဆယ်ဦးမကပါ။ ဒဏ်ရာရသူလည်း များပါတယ်။ မြေပြင်မှာက ဘာမှ မထူးခြားပဲ လာပစ်တာပါ”ဟု မြောက်ဦးဒေသထံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

နေအိမ်နှင့်ကုန်လှောင်ဂိုထောင်အချို့လည်း ပျက်စီးပြီး လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုကို အသေးစိတ်မသိရသေးပေ။ မြောက်ဦးမြို့သည် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မြို့ဖြစ်ပြီး စစ်တပ်ဗုံးကြဲမှုနှင့်ပါတ်သက်၍ AA ကလည်း သတင်းမထုတ်ပြန်သေးပေ။

ရခိုင်​ဒေတွင်းသတင်းများ​ဖော်ပြ​ပေး​နေ​သော Arakan Princess Media (APM)က ဗုံးကြဲမှု​ကြောင့် ပြည်သူ ၁၁ ဦး​သေဆုံးခဲ့ပြီး ၊၂၁ ဦးဒဏ်ရာရရှိခဲ့​ကြောင်း သတင်းဓါတ်ပုံများနှင့်တကွ​ဖော်ပြသည်။ဒိုင်းကျီရပ်ကွက်ရှိစိုက်ပျိုး​ရေး ဂို​ဒေါင်းကို​ပေါင် ၅၀၀ ဗုံးကျ​ရောက်​ပေါက်ကွဲခဲ့ပြီးအနီးဝန်းကျင်ရှိပြည်သူများ​သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်​ကြောင်းပါရှိသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်​များက အ္ရက္ခတပ်​တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင် ​ရောက်​နေ၍ ဗုံးကြဲခြင်းဖြစ်ပြီး ​သေဆုံးသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သတင်းကိုပုံဖျက်၍ ဝါဒဖြန့်​နေကြသည်။

စစ်ကောင်စီတပ်သည်သြဂုတ် ၂၅ရက် ညက မြောက်ဦးအပြင် ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့၊ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကိုလည်း ဗုံးကြဲခဲ့သည်။စစ်အုပ်စုဗုံးကြဲမှု​ကြောင့် ပြည်သူများထိခိုက်​သေဆုံးမှု ရှိ၊မရှိ နှင့် ပျက်စီးဆုံးရှုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​​ပေ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှ ၂၀၂၅ ဇူလိုင်လကုန်အထိ စစ်အုပ်စုက နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃,၁၉၁ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၄၀၅ ဦး ရှိ​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည် ။သေဆုံးသူများထဲတွင်အသက် (၁၈) နှစ်အောက် ကလေးငယ် ၅၀၁ ဦး​ပါဝင်သည်။

စစ်တပ်က လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင်​ရွေး​ကောက်ပွဲလုပ်မည် ​ကြေညာပြီး ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်​ရေး​ကြေညာပြီး​နောက်ပိုင်း ပြည်သူများကိုဦးတည်၍ ဗုံးကြဲသတ်ဖြတ်မှုများ ပိုမိုပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ