Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ဗုံးကြဲတိုက်ခိုက်တဲ့စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းမယ်လို့ AAပြော

ရခိုင်ပြည်နယ်၊ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၅ဦးအပါအဝင် ၁၂ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့အာရက္ခတပ်တော်(AA)ရဲ့ပြောရေးခွင့်ရှိသူဦးခိုင်သုခက လူထုနွေဦးကို ပြောပါတယ်။

■မြောက်ဦးမြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၅ဦးအပါအဝင် ၁၂ဦးသေဆုံး၊ ၂၀ဦး ဒဏ်ရာရ

သြဂုတ်-၂၆၊ ၂၀၂၅/People’s Spring

ရခိုင်ပြည်နယ်၊ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၅ဦးအပါအဝင် ၁၂ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့အာရက္ခတပ်တော်(AA)ရဲ့ပြောရေးခွင့်ရှိသူဦးခိုင်သုခက လူထုနွေဦးကို ပြောပါတယ်။

မနေ့ညဩဂုတ်၂၅ရက်ည၁၁နာရီ ၂၅မိနစ်အချိန်မှာ အာရက္ခပြည် မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဦးခိုင်သုခက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီဖြစ်စဉ်မှာအရပ်သားပြည်သူ၁၂ယောက်သေဆုံးပြီးတော့၂၀ ယောက် ဒဏ်ရာရတာရှိပါတယ်။ သေဆုံးတဲ့ထဲမှာတော့ ကလေးငယ် ၅ယောက်ပါတယ်။ ဒဏ်ရာရတဲ့အထဲမှာတော့ ကလေး ၃ယောက်ပါတာပေါ့”လို့ ဦးခိုင်သုခက ပြောပါတယ်။

ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ကိုဗုံးကြဲတိုက်ခိုက်တာဟာ အကြမ်း ဖက်စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူး လွန်တာလို့လည်း ၎င်းက မှတ်ချက်ပေးပါတယ်။

” ဒီလိုမျိုး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တဲ့ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျနော်တို့ ULA၊AAအနေနဲ့ကတော့ ကျနော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေကို မတရာဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် နည်မျိုးစုံနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက ပြောပါတယ်။

မြောက်ဦးမြို့ ဒိုင်းကျီကျေးရွာအား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့၍အရပ်သားပြည်သူများ ထိခိုက်သေဆုံးသူများမြင်ကွင်း

ဓာတ်ပုံ − Western News

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။