Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည် စစ်တပ်လေကြောင်းတိုက်လို့ အရပ်သားနဲ့ စစ်သုံ့ပန်းတွေအပါအဝင် ၉၀နီးပါး သေဆုံးဟု AAထုတ်ပြန်

ရခိုင်ပြည်နယ်မှာ အခု ၂၀၂၅အတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ စစ်သုံ့ပန်းတွေအပါအဝင် ၉၀နီးပါး သေဆုံးပြီး ၉၀ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့ ဒိုင်းကျီကျေးရွာအား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့၍အရပ်သားပြည်သူများ ထိခိုက်သေဆုံးသူများမြင်ကွင်း။ဓာတ်ပုံ − Western News

သြဂုတ်-၂၆၊ ၂၀၂၅/People’s Spring

ရခိုင်ပြည်နယ်မှာ အခု ၂၀၂၅အတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ စစ်သုံ့ပန်းတွေအပါအဝင် ၉၀နီးပါး သေဆုံးပြီး ၉၀ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ဇန်နဝါရီကနေ အခု ဩဂုတ် ၂၅ရက်အထိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတဲ့ စာရင်းကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

မနေ့ညဩဂုတ်၂၅ရက်ည၁၁နာရီ ၂၅မိနစ်အချိန်မှာ အာရက္ခပြည် မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာမှာ ကလေးငယ် ၅ဦးအပါအဝင် ၁၂ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ဖို့ ပြင်ဆင်နေကြတဲ့ မိသားစုဝင်တွေနဲ့ ၎င်းပတ်ဝန်းကျင်အနီးအနားက ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပြီး လူနေအိမ် (၈)လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ညအချိန် လူအများအိပ်မောကျနေချိန်ကို အခွင့်ကောင်းယူပြီး အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားစေဖို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ AAက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ရက်နဲ့ ၁၅ရက်ကလည်း အကြမ်းဖက် စစ်ကောင်စီဟာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

မေလ ၁၃ရက် နံနက် ၁၀နာရီကျော်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ၁၂ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ဦးနဲ့ လူနေအိမ် ၃၁လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ နှစ်အစ ဇန်နဝါရီ ၁၈ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အာရက္ခတပ်တော်မှ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ကလေးငယ်နဲ့ အမျိုးသမီးစုစုပေါင်း ၂၈ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ၈ရက်ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၂၆ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိကာ လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဈေးတွေ ၊ ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲံ မြို့ရွာ ရပ်ကွက် နေရာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်ဟာ လူစိတ်ကင်းမဲ့တဲ့ တိုက်ခိုက်မှုမျိုးကိုအာရက္ခဒေသအတွင်းသာမကနိုင်ငံအနှံ့အပြားမှာနေ့စဉ် ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင် တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ AAက ထောက်ပြပါတယ်။

” ဒီလိုမျိုး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တဲ့ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျနော်တို့ ULA၊AAအနေနဲ့ကတော့ ကျနော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေကို မတရာဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်ကောင်တွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် နည်မျိုးစုံနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ အာရက္ခတပ်တော် (AA)ရဲ့ပြောရေးခွင့်ရှိသူဦးခိုင်သုခက လူထုနွေဦးကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။