Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရဲ၊ စစ်သားနဲ့ပျူ​တွေ ကားသမား​တွေဆီ​ငွေဘယ်လို​တောင်း​နေလဲသက်​သေပြတဲ့ရုပ်သံမှတ်တမ်း

စစ်ကောင်စီ ရဲ ၊စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြတ်သွားတဲ့ကားတွေထံက ဆက်ကြေးကောက်ခံနေတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။

သြဂုတ်-၂၉၊၂၀၂၅။အာရုဏ်ဦး/People’s Spring

စစ်ကောင်စီ ရဲ ၊စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြတ်သွားတဲ့ကားတွေထံက ဆက်ကြေးကောက်ခံနေတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။

လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ပြည်သူတဦးက “ဘောမတွေ မမြင်ပါစေ နဲ့ ရှက်နေမှာစိုးလို့ပါ”လို့ ခေါင်းစဥ်တပ်တင်ထားတာဖြစ်ပြီး ဘယ်မြို့၊ ဘယ်နယ်က စစ်ဆေးရေးဂိတ်ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျဖော်ပြထားတာ မတွေ့ရပါဘူး။

ရုပ်သံဖိုင်ပါ ပတ်ဝန်းကျင်အခြေအနေများအရ အဲဒီစစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ မော်လမြိုင်မြို့နဲ့ ဘာဘူကုန်းရွာကြားမှာရှိတဲ့ မြဝတီသွားလမ်းပိုင်းမှ ဂိတ်တစ်ခုဖြစ်ပါတယ်။ဒါ​ပေမယ့် ဘယ်နေ့ဘယ်ရက်က ရိုက်ကူးထားတဲ့မှတ်တမ်းဖြစ်တယ်ဆိုတာကို တိတိကျကျမသိရပါဘူး။

Public Service Announcement

Public Service Announcement

ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီ ယာဥ်ထိန်းရဲယူနီဖောင်းဝတ် တပ်ကြပ်ကြီး(ကိုယ်ပိုင်အမှတ်-ကိုယ်ပိုင်အမှတ်-၂၆၅၆)တစ်ဦးက ကုန်တင်ယာဥ်တစ်စီးကို လက်ဟန်ပြတားစီးလိုက်ပြီး ယာဥ်မောင်းထံမှ ငွေလှမ်းယူနေတာကို တွေ့ရပါတယ်။

အလားတူ ယခုရုပ်သံဖိုင်ကို ရိုက်ကူးခဲ့သူလို့ ယူ ဆရတဲ့ အမျိုးသားတစ်ဦးက အထက်ပါ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးထံကိုလျှောက်လာပြီး ယာဥ်တစ်စီးဖြတ်သန်းမယ့်အကြောင်းပြောရာမှာ ယာဥ်ထိန်းက တစ်စီးကို ကျပ်တစ်သောင်းပေးရမယ်လို့ ပြောနေသံကြားရပါတယ်။

တဆက်တည်းမှာပဲ ယာဥ်ထိန်းထံသတင်းလာပို့သူက ကားတစ်စီးကို ကျပ်ငါးထောင်သာထားယူရန် ပြောဆိုလိုက်ရာ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးက “တစ်စီးငါးထောင် မရဘူးဟေ့ကောင်၊ တစ်စီးတစ်သောင်းပဲ၊ မင်းကလာပြီးတော့”လို့ ပြန် လည်​မန်မဲပြောဆိုသံကို ကြားရပါတယ်။

အဲဒီနောက် ဂိတ်ကိုလာသတင်းပို့တဲ့ ကားသမားဟာ ယာဥ်ထိန်းရဲနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ အ မှတ် (၂၂)ရဲတပ်ရင်းတံဆိပ်ပါ ပုဝါနီးပုခုံးမှာပတ်ထားတဲ့ ရဲတစ်ဦးထံလျှောက်လာပြီး ငါးထောင်တန်နှစ်ရွက်လောက် အကြွေဖျက်ပေးဖို့တောင်းဆိုလိုက်ရာ အဆိုပါတပ်ရင်းရဲက ထီးအမိုးကိုင်းမှာချိတ်ထားတဲ့ ချည်လွယ်အိတ်ထဲကနေ ငွေစက္ကူအချို့နှိုက်ယူပြီး လဲလှယ်ပေးလိုက်တာကို တွေ့ရပါတယ်။

ကားသမားက ငါးထောင်တန်နှစ်ရွက်လဲပေးဖို့ ပြောဆိုရာမှာ “ငါးထောင်တန်နှစ်ရွက် လဲပေးအုံး၊ ရှေ့မှာပေးရဦးမယ်၊ မလောက်ဘူး”လို့ ပြောဆိုလိုက်သံကို ကြားရပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ပြန့်နေတဲ့ အဲဒီရုက်သံဖိုင်ကို လိုက်ခ်(like)လုပ်သူ ၄၇,၀၀၀ ကျော်၊ မှတ်ချက်(comments)ပေးသူ ၂၆၅ ဦး၊ ပြန်လည်မျှဝေ(shares)ထားသူ ၇၁၇ ဦးနဲ့ ကြည့်ရှူ့သူ ၁၆၅,၀၀၀ ရှိတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးသူတစ်ဦးက “အဲဒါ အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးစံနစ် အောက်ခြေကလည်း အကြံ အဖန် ဂွင်ရိုက် လုပ်စား အပေါ်က စစ်ဗိုလ်ချုပ်တွေကလည်း အထည်ကြီး တနိုင်လုံး မြေ ပေါ် မြေအောက် မြစ်ချောင်း မကျန် သယံဇတ တရုတ်ကို အကုန်ရောင်းထား နောင်လာမည့် လူငယ်အနာဂ မျိုးစေ့သစ်တွေကို ဗလာနတ္တိ ချန်ထား အရှေ့တောင် အရှမှာ အချမ်းသာဆုံး နိုင်ငံမှ အဆင်းရဲဆုံး နိုင်ငံအဖြစ်တိုးတက်သတဲ့ဗျို့ လူငယ်လူရွယ်တွေ ကမ္ဘာမှာ ဘယ်နိုင်ငံသွားသွား မျက်နှငယ်လေးတွေနဲ့ အနှိမ်ခံဘဝကို တွန်းပို့ပေးနေတာ နှစ်ပေါင်း ခြောက်ဆယ်ကြော်ခဲ့ပြီးမျိုးတို့ စဉ်းစားကြပါ”လို့ ရုပ်သံဖိုင်အောက်မှာ ဝင်ရောက်ရေးသားထားပါတယ်။

“ပြည်သူ့ဆီက ငွေလဲယူတယ် လစာလဲယူတယ် ပြည်သူ့လုံခြုံမှု့ကြဘာတစ်ခုမှမရတဲ့အပြင် အပြစ်ရှာအမှု့ဆင်တဲ့ အဖွဲ့အစည်းဖြစ်မနေဘူးလား ပြည်သူတွေအပေါ် ဝန်ပိနေတာ ပြည်သူတွေသိဖို့လိုတယ်”နောက်ထပ်အကောင့်ပိုင်ရှင်တစ်ဦးက ရုပ်သံဖိုင်အောက်မှာ အခုလိုမှတ်ချက်ပေးထားပါတယ်။

စစ်အုပ်စု အာဏာသိမ်းပြီးတဲ့ ၂၀၂၁ နောက် ပိုင်း နိုင်ငံတဝှမ်းမှာရှိတဲ့ မြို့အဝင်အထွက်နေရာတွေ၊ လမ်းတံတားတွေအပါအဝင် နေရာတော် တော်များများမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေချပြီး ခရီးသွားပြည်သူတွေထံက ငွေညှစ်တာ၊ ဆက်ကြေးကောက်တာ၊ ပြည်သူကိုဖမ်းဆီးတာတွေ နေ့စဥ်နဲ့အမျှလုပ်ကိုင်နေခဲ့တာ ယခု အာဏာသိမ်းကာလ ၅ နှစ်အတွင်းရောက် လာတဲ့အထိ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။