Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာစစ်တပ်ကလေထီးနဲ့ဗုံးကြဲလို့ တောင်ယာလုပ်​နေတဲ့သားအဖနှစ်ယောက်ထိမှန်သမီးသေဆုံး ၊ဖခင်ဒဏ်ရာအပြင်းအထန်ရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ တောင်သူလုပ်နေတဲ့ သားအဖနှစ်ယောက် ဗုံးထိပြီး သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

သေဆုံးသူရုပ်အလောင်းအား ဖျာဖြင့်လိပ်ထားစဥ်။ လေထီးဖြင့် ဗုံးကြဲသွားသောနေရာအား တွေ့ရစဥ်။ ဓါတ်ပုံ-ပေးပို့

သြဂုတ်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ တောင်သူလုပ်နေတဲ့ သားအဖနှစ်ယောက် ဗုံးထိပြီး သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဒီကနေ့ သြဂုတ် ၃၀ ရက် မနက် ၉ နာရီခန့်က နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စ​က်တပ်လေထီး ၃ စီးနဲ့ ပေါင် ၃၀၀ ဗုံး ၄ လုံး ကြဲခဲ့တယ်လို့နတ်မောက်ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

စစ်တပ်ဗုံးကြဲမှုကြောင့် တောတိုက်ထဲ တောင်ယာလုပ်နေတဲ့ သားအဖနှစ်ဦးထိခိုက်ပြီး အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူမှာ နေရာတင်သေဆုံးခဲ့တယ်လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တောင်သူလုပ်နေတဲ့တဲပါ။ သမီးဖြစ်သူကနွားကျောင်းနေတာ။ အဖေဖြစ်သူကဆေးဖြန်းနေချိန်ထိခိုက်သွားတာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြဲသွားတာပါ။”လို့ ၎င်းကဆက်ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ပြီး ဆေးကုနေရကြောင်း သိရပါတယ်။ ဒါ့အပြင် နွားနှစ်ကောင်လည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ညကလည်း နတ်မောက်မြို့နယ်၊လဲဘူးကျေးရွာကိုစစ်တပ်ကဗုံးကြဲခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook