Connect with us

Hi, what are you looking for?

သတင်း

ထော်သာရွာတိုက်ပွဲ၌ PDF ဖမ်းဆီးခဲ့သူအားလုံး သတ်ဖြတ်ခံရဟု စစ်ကောင်စီ ဝါဒဖြန့်မှု မှားယွင်းကြောင်း စစ်သုံံ့ပန်း နှင့် ဒေသခံများထွက်ရှင်း

စစ်ကိုင်းတိုင်း၊မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ထော်သာပျူစောထီးစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က သိမ်းပိုက်စဉ်ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် အားလုံး သတ်ဖြတ်ခံရကြောင်း စစ်ကောင်စီ၏ ဝါဒဖြန်မှုမှာ မှားယွင်းကြောင်း ကာယကံရှင်စစ်သုံ့ပန်းနှင့် ထော်သာရွာသားများကရှင်းလင်းပြောကြားခဲ့ကြသည်။

​ထော်သာရွာမှ စစ်သုံ့ပန်း နှင့် မိသားစုဝင်များကို​တွေ့ရစဥ်။ဓါတ်ပုံ-အမှတ်-၁ စစ်​ဒေသ

■စစ်အုပ်စု၏ဝါဒဖြန့်မှုလက်မခံဘဲစစ်သားနှင့်ပျူများ PDFထံအလင်းဝင်ရန် နှိုးဆော်

ဩဂုတ်-၃၀၊၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ထော်သာပျူစောထီးစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က သိမ်းပိုက်စဉ်ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် အားလုံး သတ်ဖြတ်ခံရကြောင်း စစ်ကောင်စီ၏ ဝါဒဖြန်မှုမှာ မှားယွင်းကြောင်း ကာယကံရှင်စစ်သုံ့ပန်းနှင့် ထော်သာရွာသားများကရှင်းလင်းပြောကြားခဲ့ကြသည်။

ထောသာစခန်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မော်လိုက်ခရိုင်အမှတ်(၂) ၊အမှတ် (၄) တပ်ရင်း နှင့် ဖောင်းပြင်မြို့နယ် ပကဖ၊ မော်လိုက်မြို့နယ် ပကဖ အဖွဲ့တို့က ဩဂုတ်လ (၁၅) ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာပျူစောထီး ခေါင်းဆောင် အဲပန် အပါအဝင်ပျူမိသားစုဝင် (၁၉၀) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်မျိုးစုံ၂၃လက်သိမ်းရခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖမ်းမိသူများ၏ထွက်ဆိုချက်ကို အမှတ်(၁) စစ်ဒေသက ယနေ့ ဩဂုတ် ၃၀ရက်တွင် ရုပ်သံမှတ်တမ်းဖော်ပြထုတ်ပြန်ခဲ့သည်။

ထိုသို့ဖမ်းဆီခံရသည့်မိသားစုဝင် ၁၀၀ ကျော်လုံး သတ်ဖြတ်ခံရဟုစစ်ကောင်စီကပြည်သူများဝါဒဖြန့်နေသည်မှာ မှားယွင်းဟု စစ်သုံ့ပမ်း တဦးဖြစ်သည့်မော်လိုက်အခြေစိုက် ခမရ(၃၆၆)တပ်မှ ထော်သာရွာသို့ရောက်ရှိတာဝန်ကျစဉ် ဖမ်းဆီးခံရသည့် တပ်သား ချစ်ဦးမောင်က ပြောသည်။

“ကျနော်တို့ ပြည်သူတွေမိန်းမ၊ယောက်ျား၊ ကလေး ၊လက်နက်ကိုင်အားလုံးကအစအကုန်လုံးရှိပါတယ်။ဒီမှာပဲတနေရာတည်းမှာထိန်းသိမ်းခြင်းခံထားရတာပါ။သတ်လည်းမသတ်ပါဘူး။ ရန်လည်းမရှာပါဘူး။” ဟု တပ်သားချစ်ဦးမောင်က ပြောသည်။

ထိ့ပြင် PDFထံ အဖမ်းခံရပါကသတ်ဖြတ်ခံရသည်ဟု စစ်ကောင်စီကဝါဒဖြန့်ထားခြင်းမှာမဟုတ်မှန်ကြောင်း၊ အားလုံးလက်နက်ချပြီးလာရောက်ပူးပေါင်းစေလိုကြောင်းတပ်သားချစ်ဦးမောင်ကဆက်ပြောသည်။

ခမရ(၃၆၆)တပ်မှ တပ်သား ရဲမင်းဌေးကလည်း ဩဂုတ် ၁၅ရက်တွင်ဖမ်းဆီးခံရသော်လည်း စစ်ကောင်စီ ဝါဒဖြန့်ထားသကဲ့သို့ မဟုတ်ဘဲ သတ်ဖြတ်ခံရခြင်းမရှိဟု ပြောသည်။

“ကျနော်တို့တင်မကပါဘူး ကျနော်တို့ မိသားစုတွေပါ ကျန်းမာရေးကအစ အကုန်လုံးလုပ်ပေးပါတယ်ဗျ” ဟု၎င်းကဆိုသည်။

ထို့ပြင်ထော်သာစခန်း၌ တာဝန်ကျနေစဉ် စစ်တပ်က အောက်ခြေစစ်သည်များကိုပစ်ထား၍ အရွက်ပြုတ် ၊မြှစ်ပြုတ်များသာ စားသောက်ခဲ့ရကြောင်းလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပြောသည်။

“PDF တပ်ဖွဲ့လက်ထဲရောက်မှ ကောင်းကောင်းမွန်မွန် စားရသောက်ရပါတယ်။ သူတို့ စားသလို စားရတယ်။ ဆေးဝါးတွေလည်း အကုန်ကုသပေးတယ်” ဟု တပ်သား ရဲမင်းဌေးကလည်းပြောသည်။

ထို့ကြောင့် လက်ကျန် စစ်ကောင်စီတပ်သားများ အချိန်မနှောင်းခင် PDFထံ အလင်းဝင်ကြရန်၎င်းက တိုက်တွန်းသည်။

“လက်နက်ပါလို့ အလင်းဝင်ခဲ့ရင်လည်း ဆုကြေးငွေတွေလည်းရပါတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းရင်လည်း ကောင်းကောင်းမွန်မွန်ထားပါတယ်ဗျ မိသားစုတွေက စလို့”ဟုတပ်သား ရဲမင်းဌေးက ပြောသည်။

ထိုအပြင်ထော်သာစခန်းပြည်သူ့စစ်အောင်မျိုးဦးကလည်း”အရင်က ကျနော်တို့ လက်နက်ချ ဖမ်းဆီးခံရရင် သတ်ဖြတ်ခံရတယ်လို့ ဝါဒဖြန့်ခံရတယ်။ အဲဒီဝါဒတွေက တကယ်မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထော်သာကျေးရွာခံကိုသန်းဇော်ထွန်းကလည်း ဖမ်းဆီးခံရသူများကို PDFက လက်ရှိ အချိန်ထိ အသက်ကို ကာကွယ်စောင့်ရှောက်ပေးထားပြီး စားဝတ်နေရေး အဆင်ပြေအောင်ကူညီဆောင်ရွက်ပေးသည်ဟု ဆိုသည်။

“မော်လိုက်မြို့နယ် နယ်မြေအရပ်ရပ်မှာရှိတဲ့ ပျူစောထီးတွေ စကစတွေအားလုံး ကျနော်တို့ ထော်သာစခန်းကုန်းမှ ရရှိတဲ့သူတွေအားလုံးကို အသက်မရှိတော့ဘူး မိသားစုဝင်တွေအကုန်လုံးအသက်ဆုံးရှုံးသွားပြီဆိုတဲ့စကားက မှားပါတယ်။ ကျနော်တို့အချိန်ထိ အသက်ရှိနေဆဲပါ” ဟု ထော်သာရွာခံ ကိုသန်းဇော်ထွန်းကပြောသည်။

စကစ၊ ပျူစောထီးအားလုံးလည်း အလင်းဝင်မည်ဆိုပါက လက်ကမ်းကြိုဆိုနေကြောင်း၊ မိသားစုများလည်း ခိုလှုံခွင့်ပေးထားကြောင်း ပြောသည်။

စစ်သုံ့ပမ်းများကို အဝတ်အထည်ဝေငှနေ့သည့်ရုပ်သံကိုလည်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။