Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ ငါးကင်းရွာ ဥပုသ်နေ့ မှာဗုံးကြဲခံရပြီးသက်ကြီးပိုင်းနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ငါးကင်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးပြီး ဒီနေ့ (သြဂုတ်လ ၃၀ ရက်) မနက်ပိုင်းက ဗုံးကြဲရာမှာ ဥပုသ်ယူပြီး ပြန်လာသူ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မြင်းမူမြို့နယ် ၊ငါးကင်းရွာ ဗုံးကြဲခံရပြီးနောက် အရပ်သားသေဆုံးမှုရှိတာကိုတွေ့ရပုံ ဓာတ်ပုံ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး ၊ Google Earth

သြဂုတ်-၃၀ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ငါးကင်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးပြီး ဒီနေ့ (သြဂုတ်လ ၃၀ ရက်) မနက်ပိုင်းက ဗုံးကြဲရာမှာ ဥပုသ်ယူပြီး ပြန်လာသူ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီနေ့ တော်တလင်းလဆန်း ၈ ရက် (စနေနေ့)ဟာဆိုရင် ဗုဒ္ဓဘာသာဝင်တို့ အတွက် ဥပုသ် နေ့ဖြစ် ပါတယ်။

မြင်းမူမြို့နယ် ၊ငါးကင်းရွာ ဗုံးကြဲခံရပြီးနောက် အရပ်သားသေဆုံးမှုရှိတာကိုတွေ့ရပုံ ဓာတ်ပုံ – မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး ၊ Google Earth

ဒီမနက် ၁၁နာရီ အချိန်မှာမုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးက ငါးကင်းရွာကို ဗုံးကြဲရာရွာမှာရှိတဲ့ မာန်အောင်ရတနာဘုရားအနီး ဗုံးကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဗုံးကျတဲ့ဘုရားကြီးရှေ့နားမှာပဲနှစ်ယောက်စလုံး ဆုံးသွားတာ။သက်ကြီးအမျိုးသားတွေချည်းပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငါးကင်းရွာဟာတောင်ရွာနဲ့ မြောက်ရွာ နှစ်ရွာရှိပြီးမြင်းမူမြို့ရဲ့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။

ဒီနေ့ ဗုံးကြဲခံရတာကတော့ မြင်းမူမြောက်ရွာ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က အသိပေးပါတယ်။

“ဘာတိုက်ပွဲမှာမဖြစ်ဘူးလေ​၊ ဒီအတိုင်းကိုလာကြဲတာ ” လို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းအစောပိုင်းမှာတော့မြင်းမူမြို့အနောက်ခြမ်းကအလ္လကပ္ပကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်အချို့ကို တော်လှန်ရေးအဖွဲ့တွေကသိမ်းဆည်းရမိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။