Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းတိုက်ပွဲမှာ စစ်တပ်ကား ၁ စီးပျက်စီး ၊​သေနတ်၂လက်ရဟု​တော်လှန်​ရေးတပ်ဖွဲ့​တွေ​ပြော

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းပေါ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုတွေရှိပြီးကား ၁ စီးပျက်စီးကာ လက်နက်အချို့ကိုပါ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိသောလက်နက်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ-Black Eagle Defence Force (MMU)

သြဂုတ်-၃၁၊၂၀၂၅။​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းပေါ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုတွေရှိပြီးကား ၁ စီးပျက်စီးကာ လက်နက်အချို့ကိုပါ ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

သြဂုတ်၃၀ ရက်၊မနက် ၆ နာရီခန့်ကစစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်မြောင်လမ်းခွဲကနေ အာရာဖက်တစ်စီး၊ ဖိုးဝှီးတစ်စီးနဲ့အင်အား၂၅ဦး ဝန်းကျင်ပါတဲ့ စစ်အုပ်စုကိုတော်လှန် ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားကြောင်း Black Eagle Defence Force(MMU)အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြောင်လမ်းခွဲကနေအလ္လကပ္ပရွာကိုကင်းပုန်းထွက်ပြီးတော့သူတို့ပိုက်ဆံကောက်ဖို့ထွက်လာတာ။ ပထမဆုံးကားကို RPG နဲ့ထုလိုက်တာ ထိသွားပြီးတော့ ကားပေါ်က ဘာမှမလုပ်နိုင်တော့ဘဲနဲ့ အောက်မှာခြေလျင်လျှောက်လာတဲ့စခတွေနဲ့ပစ်ခတ်မှုဖြစ်တာ။”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်သတင်းတွေအရစစ်သား ၁၃ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေများတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ တော်လှန်ရေးရဲဘော်တစ်ဦးလည်း ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်း သိရပါတယ်။

အဲဒီစစ်အုပ်စုတွေဆီကနေ MA11 နှစ်လက်၊ ကျည် ဘောက်တစ်ခုနဲ့ အီနာဂါ တစ်လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ မြင်းမူဘက်က စစ်ကားနှစ်စီး ထွက်လာလို့ ဆုတ်ခွာခဲ့တယ်လို့ Black Eagle Defence Force(MMU)အဖွဲ့က အသိပေးပါတယ်။

ပျက်စီးသွားတဲ့ကားကိုတော့မြင်းမူဘက်ကနေ ညနေပိုင်းမှာ ကားနဲ့လာဆွဲသွားတယ်လို့ သိရပါတယ်။အဆိုပါစစ်ဆင်ရေးကို မြင်းမူမြို့နယ်ပကဖတပ်ဖွဲ့ဦးဆောင်ပြီး Black Eagle Defence Force(MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၂)၊အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊တောချောင်းဦးတိုက်နယ်တပ်ဖွဲ့၊ မြင်းမူမြို့နယ်ပလဖတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

သြဂုတ် ၃၀ ရက်​နေ့တိုက်ပွဲကြောင့် မုံရွာ-မန္တလေးလမ်းမှာ ခရီးသွား ကားအစီးရေရာချီ ပိတ်မိခဲ့ပါတယ်။ပြီးခဲ့တဲ့သြဂုတ်၂၂ ရက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးကားသမားတစ်ဦးပါသေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook