Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်း မင်းအောင်လှိုင်ကို မိုဒီပြော

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို ထောက်ခံကြောင်း အိန္ဒိယ သမ္မတ နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - sidhant/X

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို ထောက်ခံကြောင်း အိန္ဒိယ သမ္မတ နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ညီလာခံ တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း မိုဒီဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၃၁ ရက်နေ့က လူချင်းတွေ့ချိန်မှာ မိုဒီက မြန်မာနိုင်ငံ အနေနဲ့ မျှတပြီး ပါတီပေါင်းစုံ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့တော့ သူမျှော်လင့်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ SCOမှာ အထူးဧည့်သည်တော် အနေနဲ့ တက်ရောက်ဖို့၊ ပြီးတော့ တရုတ်ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြား ခံထားရတာပါ။ ၂၀၂၁ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီဆီ အာဏာလွှဲမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေကိုတော့ နှစ်ရှည် အကျဉ်းချထားဆဲ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ အစုအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေကတော့ စစ်ကောင်စီ ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲဟာ မျှတမှု မရှိတဲ့ အတုအယောင် တစ်ခုသာ ဖြစ်မယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

မိုဒီက လက်ရှိ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ မြန်မာကသာ ဦးဆောင်ပြီး မြန်မာ့မူဟန်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျိုး အကောင်အထည် ဖော်တာကို အိန္ဒိယက ထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မိုဒီနဲ့ မင်းအောင်လှိုင်တို့ဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ဖွံ့ဖြိုးရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ရှုထောင့်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Hindustan Times

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။