မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ တရုတ်နိုင်ငံကို သွားရောက်ရာမှာ အထူးစီမံ တည်ဆောက်ထားတဲ့ ကျည်ကာရထားကို အသုံးပြုခဲ့ပါတယ်။
ကင်မ်ရဲ့ ရထားဟာ စက်တင်ဘာ ၂ ရက်နေ့က တရုတ်နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ သူဟာ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပမယ့် တရုတ်ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ တက်ရောက်ဖို့ ဘေဂျင်းမြို့တော်ဆီ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
ကင်မ်ဟာ ပြည်ပခရီးစဉ်တွေ သွားရောက်မှု အရမ်းနည်းသလို မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ဆီ သွားတဲ့အခါတွေမှာလည်း သူ့ရဲ့ ကျည်ကာရထားကိုပဲ အဓိက သုံးစွဲလေ့ ရှိပါတယ်။
အခုခရီးစဉ်မှာတော့ စက်တင်ဘာ ၁ ရက်နေ့တုန်းက သူဟာ ပြုံယမ်းကနေ စတင်ထွက်ခွာလာခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းမှာ တရုတ်ပိုင်နက်ဆီ စတင်ရောက်ရှိခဲ့တာလို့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
တရုတ်ရဲ့ အောင်ပွဲနေ့ ချီတက်ပွဲမှာတော့ ကင်မ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားကြားက စစ်မဟာမိတ် ဆက်ဆံရေးဟာလည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ အခမ်းအနားတစ်ခုမှာ ပူတင်၊ ကင်မ်နဲ့ ရှီတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။
မြောက်ကိုရီးယား အစိုးရရဲ့ ရိုဒွန်ဆင်မွန် သတင်းဌာနက ကင်မ်နဲ့အတူ နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေတို့ဟာ အစိမ်းရင့်ရောင် ရထားကြီးရဲ့ တွဲတစ်ခုထဲမှာ အတူရှိနေတဲ့ ဓာတ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။ ချိုဟာ မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ အဆင့်မြင့်ရာထူးတစ်ခု ခန့်အပ်ခံထားရတဲ့ အမျိုးသမီး အနည်းစုထဲက တစ်ဦးပါ။
ကင်မ်ဟာ ရထားနဲ့အတူ တရုတ်နယ်စပ်ကို မဝင်ခင်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ကာဘွန်ဖိုင်ဘာ ကုန်ကြမ်းပစ္စည်းတွေ ထုတ်လုပ်ရာ စက်ရုံတစ်ခုကို ခဏတာ ဝင်ရောက်လည်ပတ် စစ်ဆေးခဲ့တယ်လို့လည်း သိရှိရပါတယ်။
ကိုးကား: CNA


















































