Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်၌ ကချင်ညီအကိုက ကျားသစ်တ​ကောင်ကိုလုံးထွေးသတ်ပုတ်ပြီးအနိုင်ယူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့နယ်၊နမ့်စလပ်ဒေသခံကချင်တိုင်းရင်း သားညီအကိုနှစ်ဦးက စက်တင်ဘာ ၁ ရက်​နေ့တွင်ကျားသစ်တကောင်ကို လုံးထွေးသတ်ပုတ်အနိုင်ယူခဲ့ပြီး ကျားသစ်သေဆုံးကာ ကချင်ညီအကိုလည်း ဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသခံ ကချင်သတင်းရင်းမြစ်က ပြောသည်။

သေဆုံးခဲ့​သောကျားသစ် နှင့် ဒဏ်ရာရခဲ့​သောညီအစ်အကို နှစ်ဦး ဓာတ်ပုံ - CJ ပေးပို့

■ကျားသစ်​သေဆုံးပြီး ညီအကိုလည်းဒဏ်ရာရ

စက်တင်ဘာ-၂၊၂၀၂၅။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့နယ်၊နမ့်စလပ်ဒေသခံကချင်တိုင်းရင်း သားညီအကိုနှစ်ဦးက စက်တင်ဘာ ၁ ရက်​နေ့တွင်ကျားသစ်တကောင်ကို လုံးထွေးသတ်ပုတ်အနိုင်ယူခဲ့ပြီး ကျားသစ်သေဆုံးကာ ကချင်ညီအကိုလည်း ဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသခံ ကချင်သတင်းရင်းမြစ်က ပြောသည်။

​ဒေသခံကချင်တိုင်းရင်းသားတောလိုက်မုဆိုးများမှာတောလိုက်ရင်း ကျားသစ်နှင့်ရင်ဆိုင်ရပြီးအနိုင်ရခဲ့ကာကျားသစ်အ​သေ၏ ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်းမှာစက်တင်ဘာ ၁ရက်က ​ဒေသတွင်းသတင်းဌာနအချို့နှင့် လူမှုကွန်ရက်တွင် ပြန့်နှံ့လာခဲ့သည်။

Public Service Announcement

Public Service Announcement

“ညီအကိုနှစ်ယောက်ကမုဆိုးဟုတ်တယ်။သူတို့နှစ်ယောက်က သားကောင်လိုက်ရင်းနဲ့တောတွင်းတနေရာမှာ တချက်အရင် သေနတ်နဲ့ပစ်လိုက်တာ။ အဲဒီမှာကျားကဒဏ်ရာရပြီးပြန်ပြီးထွက်ပြေးသွားတာ”ဟုကချင်သတင်းရင်းမြစ်ကဒေသခံမုဆိုတဦးကို​မေးပြီးပြန်ပြောပြသည်။

ထို့နောက်ဒဏ်ရာရကျားသစ်ကိုကချင်ညီအကိုကလိုက်လံရှာဖွေရာ မတွေ့ရှိ၍နားနေစဉ် ကျားသစ် ကပြန်ပေါ်လာပြီး ရန်မူတိုက်ခိုက်လာ၍ လုံး​ထွေးသတ်ပုတ်ခဲ့ကြရခြင်းဖြစ်သည်။

“အဲဒီနေရာမှာကျားနဲ့ ညီအကိုနှစ်ယောက် သူတပြန် ကိုယ်တပြန် ပြန်ပြီးတိုက်ခိုက်ကြတာ။ကျားကို အမှန်တကယ် ထိုးသတ်တာ သူ့ရဲ့အကို။ ကျားကတော့ညီကိုတိုက်လိုက် အကိုကို ပြန်တိုက်လိုက်နဲ့ အဲဒီလိုမျိုး သူတပြန် ကိုယ်တပြန်တိုက်နေတဲ့အချိန်မှာအကိုဖြစ်တဲ့သူကသူရဲ့ဓားမြောင်နဲ့ ကျားကိုပြန်ထိုးတာ။သူ့အကိုလည်းဒဏ်ရာအများကြီးရသွားတယ်။သူ့အကိုလည်းကျားကိုဖိုက်နေတဲ့အချိန်မှာသူ့ညီပစ်လိုက်တဲ့ကျည်ကသူ့အကိုရဲ့ ခြေထောက်မှာတော့ ထိသွားတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အကိုဖြစ်သူကကျားသစ်ကိုဓါးဖြင့်ထိုးသတ်၍ကျားသစ်​သေခဲ့​သော်လည်း ညီဖြစ်သူပစ်၍ ကျည်​ချော်မှန်​သော ​သေနတ်ဒဏ်ရာ​ခြေ​ထောက်၌ရရှိခဲ့သည်။

ညီအစ်ကိုနှစ်ဦးစလုံးတွင်ကျားသစ်ကကုတ်ခြစ်ထား​သောဒဏ်ရာများ ​ခြေ​ထောက်နှင့်လက်တို့တွင် ရခဲ့သည်ကိုPeople’s Spring ရရှိ​သောသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီးဒေသတွင်းသဘာ၀ပတ်ဝန်းကျင်ထိန်း သိမ်းရေး စိတ်ဝင်စားသူအချို့က ရှားပါးတိရိစ္ဆာန်များကို တောလိုက်ခြင်းမပြုသင့်ဟု ပြောဆိုခဲ့ကြောင်းလည်း သတင်းရင်းမြစ်က ပြောပြသည်။

“ဒေသတွင်းမှာရှိနေတဲ့သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးမိတ်ဆွေတွေကပြောကြတာတော့ ကျေးရွာတွေမှာ ပြည်သူလူထုကို ရန်ရှာတို့ အဲဒီလိုမျိုးဆိုကျေးရွာကော်မတီကဆွေးနွေးပြီးရှာဖွေပစ်သတ်တာကတော့ အားလုံးအတွက်ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုရှားပါးကျားသစ်တွေကို မုဆိုးတွေ လိုက်လံရှာဖွေပစ်ခတ်ပြီးမှစျေးထဲမှာပြန်သွားရောင်းစားတဲ့ကိစ္စရပ်တွေကြတော့ ဖြစ်နိုင်ရင် မလုပ်တာကောင်းပါတယ်တဲ့” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ကျားသစ်ကိုမြန်မာနိုင်ငံတွင်မျိုးသုန်း​ပျောက်ကွယ်လုနီးသည့်ရှားပါးတိရစ္ဆာန်အဖြစ်သတ်မှတ်ထားပြီးရှမ်းပြည်နယ်၊ကချင်ပြည်နယ် ၊တနင်္သာရီတိုင်းကသစ်​တော​တွေမှာ အများဆုံး​တွေ့ရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။