Connect with us

Hi, what are you looking for?

News

က​လေးမြို့ရှိစစ်ကောင်စီ လက်နက်ကိုတိုက်ခိုက် ​သေဆုံးထိ့ခိုက်မှုရှိ၊ ဂန့်​ဂေါမြို့နယ်တွင်စစ်ကားများကိုမိုင်းဆွဲတိုက်ခိုက်

ပြည်သူ့ကာကွယ်​ရေးတပ်ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

(PDF Zoland တပ်ဖွဲ့ဝင်အချို့)

က​လေးမြို့ရှိ အာဏာသိမ်းစစ်​ကောင်စီ၏ အမှတ်၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဇိုလန်း (PDF Zoland) နှင့် CDM – Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်း အဖွဲ့ တို့က ယ​နေ(နိုဝင်ဘာ ၂၁) ညနေ ၆နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့​ကြောင်း PDF-Zoland ကသတင်းထုတ်ပြန်သည်။

အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကိုတိုက်ခိုက်ရာ ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိခဲ့ပြီး၊စစ်​ကောင်စီတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိသည်ဟု​ဖော်ပြထားသည်။ သို့​သော် စစ်​ကောင်စီတပ် ​သေဆုံးထိ့ခိုက်မှုအ​ရေအတွက်အ​သေးစိတ်​ဖော်ပြထားခြင်းမရှိ​​သေး​ပေ။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့​ကြောင်းလည်းပါရှိသည်။

ထိုအပြင် CDF (KKG)-ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့(က​​လေး-က​ဘော်-ဂန်​ဂေါ် ) တပ်ရင်း ၅ နှင့် ​​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့ (ဂန့်​ဂေါ်)-YDF(Gangaw)တို့ပူး​ပေါင်း၍ နိုဝင်ဘာ (၂၁) ရက် မွန်းလွှဲ (၁) နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ကား (၅) စီးကို ခေါက်ခူရွာနှင့် ရှောက်ပင်ရွာအကြား မိုင်း (၁၂) လုံးဆွဲ တိုက်ခိုက်ခဲ့ရာကား (၂) စီးထိခိုက်ပျက်စီးသွားခဲ့သည်ဟု CDF (KKG)ကလည်းသတင်းထုတ်ပြန်သည်။မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိ​သော်လည်း အတိအကျကိုမူ အတည်မပြုနိုင်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်​ရေးတပ်ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။

သို့​သော် မိုင်းဆွဲခံလိုက်ရသော စစ်​ကောင်စီတပ်များကရှောက်ပင်ရွာမှ နေအိမ် (၃) လုံးကို မီးရှို့သွားခဲ့ကြောင်းလည်းပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။