Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ညောင်နီပင်အုပ်စုသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ PDF ဗျူဟာ (၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာ ဝန်ခံက ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားများကို ခပ်လှမ်းလှမ်းမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း ၃၆၀၁

စက်တင်ဘာ-၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ညောင်နီပင်အုပ်စုသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ PDF ဗျူဟာ (၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာ ဝန်ခံက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနက် ၉ နာရီ ၄၀ လောက်က ညောင်ပင်နီအုပ်စု၊ ညောင်နီပင်ရွာနဲ့ ကျောင်ကြီးတောင်ရွာကြားသို့ အင်အား ၉၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှ ပဒေသာမိုင်းလေးလုံးဖြင့် နှစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ (၅)ဦး အပြင်းအထန်ဒဏ်ရာသွားတယ်လို့ တပ်ရင်း ၃၆၀၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းဟာ သေဆုံးနဲ့ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ ကျောက်ကြီးတောင်စခဂိတ်စခန်းသို့ သယ်ဆောင်ပြီး အဲဒီစခန်းမှတဆင့် မှတ္တိုင်ရွာဘက်မှတက်လာတဲ့ ဖောကား(၂)စီးနဲ့ တင်ဆောင်ကာ ရွှေတောင်မြို့ကုတင်(၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း အသိပေးပါတယ်။

“ပွဲပြီးနောက်ပိုင်း စကစ လှုပ်ရှားမှုအနေနဲ့ အဲဒီနေ့(စက်တင်ဘာ ၃)ညနေ ၃ နာရီ ၂၀ လောက်မှာ ရွှေတောင်မြို့နယ်၊ ဘို့လည်ကုန်ရွာတပ်ကနေတက်လာတဲ့ ပါရာမော်တာနှစ်စီးနဲ့ လက်ပံခုံရွာနဲ့ တောင်ခမောက်ရွာကို အကြောင်းမဲ့သက်သက် ဗုံးလာကြဲသွားတယ်”လို့ တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်မှ ပါရာမော်တာနှစ်စီးဟာ လက်ပံခုံနဲ့တောင်ခမောက်ရွာတွေကို ပေါင် ၁၀၀ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်ဆီးမှုတွေရှိပြီး နေအိမ်နဲ့ လူထိခိုက်မှုအခြေ အနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက်ကလည်း အင်အား(၈၀)ခန့်ဖြင့် ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်တပ်သားတွေကို တပ်ရင်း ၃၆၀၁ ရဲ့စနိုက်ဘာအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ် ကြောင်းပြန်ဆုတ်ချိန် ပြန်ချီတက်ရွာနဲ့ ညောင်နီပင်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook