Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာမိန်းကလေး ၂ ဦးကိုစစ်တပ်ကပေါ်တာဆွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီက​နေ့ အမျိုးသမီးငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်း​ဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ကို စစ်တပ်အာဏာမသိမ်းခင်က အ​ပေါ်စီးမှ​တွေ့ရပုံ။ ။ဓါတ်ပုံ-Monywa Skyline

စက်တင်ဘာ-၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီက​နေ့ အမျိုးသမီးငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်း​ဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်မနက်ပိုင်းကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအနီးမှာ ဆိုင်ကယ်တစီးနဲ့လာတဲ့ အသက် ၂၀ မှ ၂၅ နှစ်ကြားလောက်ရှိတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်တွေက တားဆီးကာ စစ်ဆေးခဲ့ကြောင်း၊ ဖုန်းတွေပါ စစ်ဆေးပြီးနောက် ၎င်းအမျိုးသမီး ၂ ဦးကို စစ်တပ်က ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

“ဆိုင်ကယ်ကို ရပ်ခိုင်းပြီး စစ်တာ။ ဖုန်းစစ်ပြီးတော့ တခါတည်းဆွဲခေါ်တင်သွားတာ။ မုံရွာမှာ အဲဒီလို အမျိုးသမီးကို ပေါ်တာဆွဲတာမျိုးမရှိဖူးသေးဘူး။”လို့ မုံရွာမြို့ခံ အမည်မဖော်လိုတဲ့ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမျိုးသမီး (၂)ဦး ပေါ်တာဆွဲပါတယ်။ ပဲပြုတ် တတ်လား မေးပြီး ဖမ်းဆီးမှုပြုလုပ်သွားကြောင်းသိရ”လို့ မုံရွာနယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်နေသူတဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အမျိုးသမီး ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကိုပါ ကားပေါ်တင်သွားပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။အမျိုးသမီး နှစ်ဦးဟာ ဘယ်ရပ်ကွက်​နေထိုင်သူ​တွေဆိုတာနဲ့ သူတို့ရဲ့ အချက်အလက်အ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး ။

အမျိုးသမီးတွေကို အခုမှသာဖမ်းဆီးတာဖြစ်ပေမဲ့ အမျိုးသားတွေကိုတော့ နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မုံရွာမြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။