Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်က စစ်​ဘေးရှောင်ပြည်သူ ၃၀ခန့်အဖမ်းခံရ

ကချင်ပြည်နယ် ၊ဖားကန့်​ဒေသကို စစ်​ကြောင်းထိုးဖို့ပြင်ဆင်​နေတဲ့စစ်သား​တွေ။ ဓါတ်ပုံ-CJ

စက်တင်ဘာ-၆၊၂၀၂၅၊မေ/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကစစ်ဘေးရှောင်ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ဒေသခံ ​တွေက​ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး အောင်ချမ်းသာ(ခ)ရွာသာယာရွာ က ပြည်သူတွေစစ်ဘေးရှောင်တွေဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

“စစ်ဘေးရှောင်ဆိုတော့သက်ကြီးရွယ်အိုတွေရော၊အပျိုတွေရော၊ကလေးတွေ ရော၊ယောကျာ်းသားတွေရော အကုန် ပေါ့။ဒါစစ်ကြောင်းထိုးရင် သူတို့ဒိုင်းကာ လုပ်လာနိုင်တယ်”လို့ဒေသခံတဦကပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ၄ရက် နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မကျီးကုန်းရွာဘက်ကို ရောက် နေတဲ့စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတာလို့စုံစမ်းသိရပါတယ်။

စစ်‌တပ်စစ်​ကြောင်း​တွေဟာလမိုင်း၊မကျီးကုန်းနဲ့ ကင်းရွာ ရဲ့ တောင်ဘက်တို့မှာရှိနေပြီး ထိတွေ့ တိုက်ပွဲ တွေလည်းဖြစ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့ရဲ့ မြောက်ဘက်က PDFစိုးမိုးနယ် မြေတခုဖြစ်တဲ့ရေနံ့သာရဲစခန်းကိုလည်း စက်တင်ဘာ၄ရက် နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာ ၅ ရက်​နေ့ကလည်းမတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် ။​ဗုံးကြဲမှု​ကြောင့်ထိခိုက်​သေဆုံးပျက်စီးမှု ရှိ ၊အရှိကို​တော့မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး (မန္တ​လေး-PDF)က ၁၀၂၇စစ်ဆင်​ရေးဒုတိယလှိုင်း(ရှမ်းမန်း စစ်ဆင်​ရေး)နဲ့ မတ္တရာမြို့နယ် အ​ရှေ့ရှမ်းက စစ်တပ်စခန်း ၄၀ ခန့်ကို ၂၀၂၄ ခုနှစ်မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကအပြင်းအထန် တန်ပြန်ထိုးစစ်ဆင်လာပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ​​ကျောက်ပထိုး​ရွှေလုပ်ကွက်​တွေ နဲ့ Alpha ဘိလပ်​မြေစက်ရုံတို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

မန္တ​လေးPDF ထိန်းချုပ်ထားတဲ့ ကျန်​ဒေသ​တွေကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ရင်းတိုက်ပွဲ​တွေဆက်လက်ပြင်းထန်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။