Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးလေကြောင်းတိုက်ခိုက်မှု ၁ ဦးထပ်မံသေဆုံး၊ သေဆုံးသူ၁၅ဦး ရှိလာ

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားဩဂုတ်လ ၂၅ ရက်၌ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် အမျိုးသမီး၁ဦးသည် စက်တင်ဘာလ ၆ရက်နေ့က ထပ်မံသေဆုံးသွား၍ စုစု‌ပေါင်း သေဆုံးသူ ၁၅ဦး ရှိလာသည်။

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားစစ်ကောင်စီ၏ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၇၊၂၀၂၅။လူအေး/People’s Spring

မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်အားဩဂုတ်လ ၂၅ ရက်၌ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက် အမျိုးသမီး၁ဦးသည် စက်တင်ဘာလ ၆ရက်နေ့က ထပ်မံသေဆုံးသွား၍ စုစု‌ပေါင်း သေဆုံးသူ ၁၅ဦး ရှိလာသည်။

ဒိုင်းကျီရပ်ကွက်ရှိ အလှူအိမ်တစ်အိမ်ကို ဩဂုတ်လ ၂၅ရက်နေ့၊ ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲရာ ကလေးငယ် ၅ ဦး အပါအဝင် အရပ်သား ၁၂ဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ အပြင်အထန်ရသူများထဲမှ အသက်၄နှစ်အရွယ် ​မောင်​အောင်​အောင်နှင့် ၃၂နှစ်အရွယ် မ​အေးစန္ဒာတို့သည်ဩဂုတ်လ (၂၆) ရက်တွင်လည်း​ကောင်း၊အသက် ၃၀ အရွယ် မခင်​အေးရင်မှာ စက်တင်ဘာ ၆ ရက်တွင် လည်း​ကောင်းထပ်မံသေခဲ့သည်။ထို​ကြောင့်စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာခြင်းဖြစ်သည်။

“ဒဏ်ရာရတာတွေက တော်တော်ကို ပြင်းထန်တာ။ ကျန်သူတွေလည်း ဆေးဆက်ကုနေတယ်။ ကွယ်လွန်သူ၊ဒဏ်ရာရသူအားလုံးအရပ်သားတွေချည်း”ဟု ဒေသခံသတင်းရင်းမြစ်က ယပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ်လ (၂၅) ရက်နေ့က မြောက်ဦးမြို့အပြင် မင်းပြား နှင့် ပေါက်တောမြို့နယ်ရှိ လူနေ ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ရှိ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။ စစ်ရှုံးနေသောစစ်ကောင်စီက အရပ်သားများကိုပစ်မှတ်ထား၍တိုက်ခိုက်နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃၁)ရက်အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၂၆ဦးအပါအဝင် အရပ်သား ၁၁၅ဦးသေဆုံးပြီး၂၀၄ဦး ဒဏ်ရာရခဲ့သည်ဟုအာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။