Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ အထိုင် စခန်းတွေဆောက်နေတဲ့ စစ်တပ်ကို တော်လှန်ရေးတွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ကန့်ဘလူ မြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ အထိုင်စခန်းတွေတည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဗျူဟာလမ်းပိုင်းပေါ်မှာ အထိုင်စခန်းတွေတည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၃)မှရဲဘော်များ။ ဓာတ်ပုံ - Air Foce One

စက်တင်ဘာ-၇၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူ မြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ အထိုင်စခန်းတွေတည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဗျူဟာလမ်းပိုင်းပေါ်ကရေကြည်ဦး-ကျီကျင်း- ဘူးကုန်းလမ်းဆုံ- ယမနေလမ်းဆုံတွေမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ တပ်ဖြန့် ထားတယ်လို့ ဆိုပါတယ်။

“ဟိုတစ်ရက်(စက်တင်ဘာ ၅ ရက်)က ဘူးကုန်းလမ်းဆုံမှာတပ်စွဲနေတဲ့ စကစ တွေကိုဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။မြေပြင်တိုက်ပွဲတော့ လော လောဆယ် ငြိမ်နေသေးတယ်”လို့အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်တွေစိုးမိုးရာ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်းသူက ဆက်​ပြောပါတယ်။

“ရေကြည်ဦးကို စစ်အုပ်စုက အခိုင်အမာလုပ်ပီး အထိုင်ချတပ်စွဲဖို့ လုပ်နေတယ်။အထိုင်စခန်းလုပ်လို့ မပီးမချင်း စစ်အုပ်စုဟာ ကန့်ဘလူ–ခင်ဦးအစပ်က မျှားပြထားရာလမ်း​ကြောင်း​တွေအတိုင်း စစ်​ကြောင်းထိုး​နေပါလိမ့်မယ်။​လေ​ကြောင်းက​နေလဲ မကြာမကြာ ပစ်ခတ်နိုင်ပါတယ်”လို့ ကန့်ဘလူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သြဂုတ် ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်က ကန့်ဘလူ တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး အသက် ၆၀ကျော်အရွယ်အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်တာနဲ့ နေအိမ်ရာနဲ့ချီကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်လူမှုကူညီရေးအဖွဲ့တွေက အသိပေးထား ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀)လက် အောက်ခံ ကလေးမြို့အခြေစိုက် ခလရ(၃၆၁) တပ်ရင်းဦးဆောင်ပြီး ပျူစောထီးတွေနဲ့ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊ တန့် ဆည်မြို့နယ်မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းကကျေးရွာတွေမှာသင်္ကန်းဝတ်

ဝါသဝကဦးဆောင်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook